BEC-TERO TV

မိခင်ကိုဓါးနဲ့ထိုးသတ်ခဲ့တဲ့ ၆ တန်း ကျောင်းသား အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်

13 Dec 2018     1,616 Views


အသက် ၁၂ နှစ်အရွယ် ၆ တန်း ကျောင်းသားလေးက မိခင်ဖြစ်သူ ရိုက်နှက်ဆုံးမတာကို ရန်ငြိုးထားပြီး မိခင်ကို မီးဖိုဆောင်သုံး ဓားနဲ့ သေအောင် ထိုးသတ်ခဲ့တဲ့အမှုကို တရားရုံးက မည်သည့်အပြစ်ဒဏ်မှ ချမှတ်ခြင်းမပြုပဲ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ပြီဖြစ်သည်။

တရုပ်နိုင်ငံ ဟူနန်ပြည်နယ် ယောင်ကျင်းဒေသမှ “ဝူဘင်း” ဆိုသူ ၆ တန်းကျောင်းသားလေးဟာ ဒီဇင်ဘာ ၂ ရက်နေ့က မိခင် အလှူအိမ်ကယူလာတဲ့ စီးကရက်တွေကို ခိုးပြီး အကုန်သောက်ခဲ့တာကြောင့် အမေက ရိုက်နှက်ပြီး ဆုံးမခဲ့တာကို ဒေါသထွက်ပြီး မိခင်ကို ဓားနဲ့ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၃ ရက် နေ့ခင်းချိန်ထိ မိခင်ဖြစ်သူ သတ်ခံထားရတာကို မည်သူမျှမသိသေးပါ။ အဖိုးဖြစ်သူက သံသယဖြစ်ခဲ့ပြီးနောက် ပြတင်းပေါက်ကနေ အခန်းထဲကို လှမ်းကြည့်ရာက သွေးစီးကြောင်းတွေနဲ့ လဲကျသေဆုံးနေတဲ့ သမီးဖြစ်သူကို တွေ့ပြီး ရဲကို အကြောင်းကြားခဲ့ပါတယ်။

ရဲများရောက်လာပြီး “ဝူဘင်း” ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပေမယ့် တရုပ်နိုင်ငံဥပဒေအရ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ အသက်ကို ၁၄ နှစ်အငယ်ဆုံး သတ်မှတ်ထားတာကြောင့် အရေးယူလို့မရပဲ “ဝူဘင်း” ကို တရားသေ ပြန်လွှတ်ပေးခဲ့ရပါတယ်။

“သူ့အသက်က သိပ်ငယ်နေတယ် ကျွန်တော်တို့ ဘာမှလုပ်လို့မရဘူး” လို့ ရဲအရာရှိက ဆိုပါတယ်။

“ဝူဘင်း” အိမ်ပြန်ရောက်လာပြီးနောက် မိသားစုတွေက သူ့ကို ကျောင်းပြန်တက်ခိုင်းတဲ့အခါမှာတော့ ကျောင်းသားမိဘတွေက အပြင်းအထန်ကန့်ကွက်ကြပါတယ်။ သူ့အနေနဲ့ ကျောင်းမှာ နောက်ထပ် ပြစ်မှုတွေ ထပ်မံကျူးလွန်မှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

“ဝူးဘင်း” ရဲ့ ပုံစံဟာ လုံးဝနောင်တရနေပုံမပေါ်ပဲ မိခင်ကို ပြန်သတ်တာမှားတယ်လို့ ထင်လားလို့ မေးကြည့်တဲ့အခါ “မှားပါတယ်၊ ဒါပေမယ့် ငါ့အမေကို ငါသတ်တာလေ သူများကို သွားသတ်တာမှမဟုတ်ပဲ” လို့ ပြန်ဖြေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

တရုပ်နိုင်ငံရဲ့ ဥပဒေအရ အသက် ၁၆ နှစ်အောက် ပြစ်မှုကျူးလွန်သူတွေကို အရွယ်ရောက်ပြီးသားလူတစ်ယောက်ကို ပြစ်ဒဏ်ပေးသလိုမျိုး စီရင်ခွင့်မရှိပါဘူး၊ သူတို့ကို အစိုးရကဖွင့်လှစ်ထားတဲ့ ဂေဟာတွေ ပြုပြင်ထိန်းသိမ်းရေးကျောင်းတွေကိုပဲ ပို့ခွင့်ရှိပါတယ်။ ဒါပေမယ့် အသက် ၁၄ နှစ်အောက် ကလေးတွေအတွက် အခုလို ပြုပြင်ရေးစခန်းတွေ ဂေဟာတွေမရှိသေးတာကြောင့် အခက်တွေ့နေရပါတယ်။

အဖိုးဖြစ်သူရဲ့ ပြောပြချက်အရ “ဝူဘင်း” ဟာ အသက် ၇ နှစ် ၈ နှစ်အရွယ်လောက်မှာ ဦးခေါင်းထိခိုက်ဒဏ်ရာရခဲ့ပြီးနောက်ပိုင်း သူ့ရဲ့အပြုအမူတွေဟာ ပုံမှန်မဟုတ်တော့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေနဲ့ ကျောင်းသားမိဘတွေက စိုးရိမ်ပူပန်မှုတွေ ရှိနေကြောင်း တရုပ်သတင်းမှာ ဖော်ပြပါရှိသည်။


>> ရိုက်လို့ဆိုပြီး ၆ တန်းကျောင်းသားလေးက အမေကို ဓါးနဲ့ ပြန်ထိုးသတ်


13 Dec 2018     1,616 Views




RELATED

Most Popular of Special or Others

Most Popular of NEWS