BEC-TERO TV

ပြည်တွင်း / ပြည်ပ အရှုံးကို လုံးဝ မသိသေးသော တစ်ခုတည်းသော အသင်း

14 Dec 2018     1,285 Views


ဒီနှစ် ယူရိုပါလိဂ် ပြိုင်ပွဲမှာ အင်အား အကြီးဆုံး အသင်းတွေဖြစ်တဲ့ အာဆင်နယ် ၊ ချဲလ်ဆီး တို့လိုအသင်းတွေတောင် အုပ်စု အဆင့်ပွဲစဉ်တွေမှာ 100% နိုင်ပွဲရအောင် စွမ်းဆောင်ပြနိုင်ခြင်း မရှိခဲ့ပေမယ့် ၊ အဲဒီ ၁၀၀ % အနိုင်ရလဒ် ယူသွားတဲ့ ထူးခြားတဲ့ အသင်း 2 သင်း ရှိနေခဲ့ပါတယ် ။ သူတို့ကတော့ ဘွန်ဒက်လီဂါ က ဖရန့်ဖွတ် အသင်းနဲ့ သြစတီယား ကလပ် ဇဲလ်ဘာ့ဂ် အသင်းတွေပဲ ဖြစ်ပါတယ်။


ဒီအထဲ့မှ ပြည်တွင်း၊ ပြည်ပ လုံဝမရှုံးမသိသေးတာကတော့ သြစတီးယား ကလပ် ဇဲလ်ဘော့ဂ် အသင်းပဲဖြစ်ပါတယ်။သူတို့ဟာ ပြည်တွင်းလိဂ် ပြိုင်ပွဲမှာလဲ 17 ပွဲ ကစားပြီသည်အထိ ရှုံးပွဲ လုံးဝမရှိသေးပဲ ၊ အမှတ်ပေး ဇယားရဲ့ ထိပ်ဆုံးမှာ ဒုတိယ နေရာက အသင်းကို 14 မှတ် အထိ ဖြတ်တောက်ပြီး ရပ်တည်လျှက် ရှိနေပါတယ်။


ဇေဲလ်ဘာ့ဂ် အသင်းကတော့ အုပ်စုတွင်းမှာ စတော့တလန် ချန်ပီယံ ဆဲလ်တစ် ၊ သူတို့ အသင်းနဲ့ ပိုင်ရှင်တူ ကလပ် အသင်း တစ်သင်း ဖြစ်တဲ့ ဘွန်ဒက်လီဂါ ကလပ် လိုက်ပ်ဇစ် တို့နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့တာ ဖြစ်ပြီး ၊ ပွဲစဉ်အားလုံးကို အနိုင် ကစားကာ နောက်တဆင့်ကို တက်ရောက် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဇဲလ်ဘာ့ဂ် အသင်းရဲ့ ဒီရာသီ အုပ်စုတွင်း သွင်းဂိုး ကလဲ 17 ဂိုး အထိ ရှိနေခဲ့ပြီး ၊ ဒီရာသီ ယူရို ပါလိဂ် ပြိုင်ပွဲမှာ သတိထား စောင့်ကြည့်ရမယ့် အသင်းတစ်သင်း အဖြစ် အားလုံးက သတ်မှတ် ထားနေကြပြီ ဖြစ်ပါတယ်။



14 Dec 2018     1,285 Views




RELATED

Most Popular of Football

Most Popular of Sport