BEC-TERO TV

သခင်ကို ရှာဖွေဖို့အတွက် ကီလိုမီတာ ၁၀၀ ကျော် ခရီးနှင်ခဲ့တဲ့ ခွေးမကလေး

14 Dec 2018     1,306 Views


နယူး မက္ကစီကို မှာဖြစ်ပျက်ခဲ့တဲ့ တစ်ကယ် ဖြစ်ရပ်မှန်လေးပါ။ နယူး မက္ကစီကို မှာ ဆန်တီဂို မာတီနက်စ် ဆိုတဲ့လူတစ်ဦးရှိပါတယ်။ သူ့မှာ ဆွေမျိုး အသိုင်းအဝိုင်းမရှိ၊ လူပျို ၊ လူလွတ် တစ်ယောက်တည်းနေလာခဲ့တဲ့ အချိန်တွေက များပါတယ်။ ဒါမဲ့ သူကိုယ်သူ အထီးမကျန်ဖို့ ခွေးမလေး တစ်ကောင်ကိုတော့ မွေးထားပါတယ်။

တစ်နေ့တော့ သူဟာ အလုပ်ကိစ္စနဲ့ နယ်ပြောင်းဖို့ အကြောင်းပေါ်လာခဲ့ပါတယ်။ သူဟာ နယ်ပြောင်းရမည်ဖြစ်တာကြောင့် ခွေးလေးကို သူသွားရာ ခေါ်ယူဖို့ အခက်အခဲ့ဖြစ်နေခဲ့ပါတယ် ။ အဲဒီအချိန်မှာ ခွေးမလေးဟာ အနာရောဂါဖြစ်ပွားနေခဲ့တာကြောင့်ပါ။

မာတီနက်စ် နယ်ပြောင်းတော့ ခွေးလေးကို ဝမ်းနည်းစွာ သူထားခဲ့ရပါပြီ။ ခွေးမလေးဟာ အစုတ်အပြတ် ဓါတ်ဆီဆိုင် ထဲ့မှာနေခဲ့ရပါတယ်။နောက် ခြောက်လအကြောမှာ သူကျန်းမာလာတော့ သူကို ထားပစ်ခဲ့တဲ့သခင်ကိုသူ မမေ့ခဲ့ပါဘူး။ သူသခင်ကို ရှာဖွေဖို့ အတွက် ၁၀၀ ကီလိုမီတာ (မိုင် ၆၀ ကျော်) မြစ်ကိုကျော်လွန်ပြီ ခရီနှင်ခဲ့ပါတယ်။ခွေးမကလေးဟာ ဂရန်းကန်ရွန် ပန်းခြံမှာ သူသခင်ကိုစောင့်မျော်နေခဲ့ပါတယ်။


တစ်လကျော်ကျာ်ကြာမြင့်တဲ့ အချိန်မှာ ခွေးမကလေးဟာ အဆိုပါ ဂရန်းကန်ရွန် ပန်းခြံမှာပဲ သူသခင်ကို ရှာတွေ့ပါပြီ။ အဲ့အချိန်မှာ မာတီနက်စ် ဟာ တစ်အံ့တစ်သြနဲ့ သူခွေးမလေးဆီကို ပြေးသွားခဲ့ပါတယ်။ ခွေးမလေး ရဲ့ အကြည့်ကတော့ အရင်နဲ့မတူပါဘူး ၊ သူရဲ့အနားကို မကပ်သလို့ သူကို မြင်တာနဲ့ လက်မောင်းကိုပြေးကိုက်ပါတယ်။

ဆက်လက်ဆိုသလို ခွေးမလေးရဲ့မျက်ဝန်းမှာ မျက်ရည်တွေကျနေတဲ့ မာတီနက်စ်မြင်ခဲ့ရပါတယ် ။ ခွေးမလေးရဲ့ စိတ်ထဲ့မှာတော့ “သူကိုဘာကို ထားခဲ့ရတာလဲ၊ သူကိုဘာအတွက်ကြောင့်ထားခဲ့ရတာလဲ ” ဆိုပြီး မေးခွန်းတွေ အထပ်ထပ် မေးနေတယ်လို့ မာတီနက်စ် က သူ့ သူငယ်ချင်းတွေပြောပြပါတယ်။

ခွေးမလေးဟာ သခင်ကိုတွေရှိပြီးနောက်ပိုင်း သခင်ဆီမှာ မနေဘဲ့ သူကိုထားခဲ့တဲ့ ဓါတ်ဆီဆိုင် အဟောင်းလေးဆီကိုပဲ ပြန်သွားခဲ့ပါတယ် ။ ထိုဓါတ်ဆီဆိုင် ဟောင်းလေး မှာ တော့ သူရဲ့ခွေးမလေးဟာ သူမရဲ့ သား၊သမီး ခွေးပေါက်လေးတွေ နဲ့ အတူ တွေ့ခဲ့ရပါတယ်။

သခင်ပေါ် သံယောဇဉ်ကြီးလွန်းတဲ့ ခွေးမလေး ဟာ သူကိုထားခဲ့ချိန်မှာ သူရင်ထဲ့မှာ ဘယ်လောက်တောင် ခံစားနေရမလဲဆိုတာကို တွေးကြည့်ရင်တစ်ကယ်ခံစားရပါတယ် ။ ခင်ဗျားတို့လည်း ကိုယ်အပေါ် သံယောဇဉ်ကြီးမားတဲ့သူတွေအပေါ်ကို လစ်လျူမရှုမိစေပါနဲ့ ။သူတို့ရဲ့ခံစားချက်ကိုနားလည်ပေးပါ။


14 Dec 2018     1,306 Views




RELATED

Most Popular of Special or Others

Most Popular of Life Style