BEC-TERO TV

စည်းကမ်းမဲ့ Honda Fit ယာဉ်ကြောင့် ကွန်တိန်နာယာဉ်တိမ်းမှောက်

17 Dec 2018     1,288 Views


လမ်းစည်းကမ်း မလိုက်နာပဲ ကွန်တိန်နာယာဉ် မောင်းနှင်နေသော လမ်းကြောင်းပေါ်သို့ Honda Fit တစ်စီး အတင်းဖြတ်ဝင်မှုကြောင့် ပေ ၄၀ ကွန်တိန်နာနောက်တွဲ တိမ်းမှောက်ကာ လမ်းမကြီးပေါ်သို့ တုံးလုံးလဲကျသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၅ ရက် သောကြာနေ့က စင်ကာပူနိုင်ငံတွင်  ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်တွင် ချန်ဂီသို့ လားရာဘက်သို့ အမြန်လမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် တိုပိုင်းရိုးလမ်းခွဲအနီး ဟွန်ဒါဖစ် အမျိုးအစား အနီရောင်ကားမှ ညာဘက်ယာဉ်ကြောမှ မောင်နှင်လာပြီး ကွန်တိန်နာကား၏ လမ်းကြောထဲသို့ အတင်းကပ်ကာ ဝင်ရောက်ခဲ့မှုကြောင့် ကွန်တိန်နာယာဉ်မောင်းက ဘရိတ်အုတ်စဉ် နောက်တွဲတစီးလုံး တိမ်းမှောက်သွားခဲ့သည်။



ကံကောင်းသည်မှာ ယာဉ်မောင်း၏ ကားခေါင်းခန်း တိမ်းမှောက်ခြင်း မရှိခဲ့သဖြင့် ထိခိုက်ဒဏ်ရာရမှုမရှိခဲ့သလို ကွန်တိန်နာ ပုံလဲကျသောဘက်တွက်လည်း ကားတစ်စီးက ကျော်တက်ပြီးရုံမျှသာရှိသေးသဖြင့် ကွန်တိန်နာပုံးပိမိခြင်း အန္တရာယ်ကနေ သီသီလေး လွတ်မြောက်သွားခဲ့သည်။ဖြစ်စဉ်နဲ့ ပက်သက်ပြီး ရဲကစုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။


17 Dec 2018     1,288 Views




RELATED

Most Popular of International News

Most Popular of NEWS