BEC-TERO TV

လီဗာပူးလ် နဲ့ ပွဲစဉ်မှာ ပေါ့ဘာကိုဘာကြောင့် မသုံးရသလဲဆိုတာ မော်ရင်ဟိုရှင်းလင်း

17 Dec 2018     1,257 Views


မနေ့က ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီ ပွဲစဉ်မှာ မန်ချက်ယူနိုက်တတ်အသင်းက လီဗာပူးလ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြိးနောက်ပိုင်း မန်ယူနိုက်တတ် နည်းပြချုပ်မောရင်ဟို အဆင့် ၄ ဝင်ဖို့အတွက် တစ်ကယ်ခက်ခဲခဲ့ပြိ လို့ဝန်ခံခဲ့ပါတယ်။

ပထမပိုင်းပြီးချိန်မှာ တစ်ဖက် တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေခဲ့ပေမဲ့ ဂျာဂျင်ကလောပ့် ရဲ့ မှန်ကန်တဲ့လူစားလဲမှုကနေ ရှာကွီရီက နှစ်ဂိုးဆက်သွင်းယူခဲ့ပြီး ကြိုးကြာနီတွေအတွက်အောင်ပွဲရယူပေးခဲ့တာဖြစ်ပါတယ်…အခုလိုရှုံးနိမ့်ခဲ့လို့ မန်ချက်စတာယူနိုက်ဟာ ထိပ်ဆုံးက လီဗာပူးလ်နဲ့ ၁၉ မှတ်အကွာ ၊ အဆင့်လေး က ချယ်လ်ဆီးနဲ့ ၁၁ မှတ်အကွာထိရောက်သွားပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ရုန်းကန်ရတော့မှာပါ။


အဆိုပါပွဲမှာ မော်ရင်ဟိုဟာ ပေါင် ၈၉ သန်းတန် ကမ္ဘာ့အဆင့်ကွင်းလယ်ကစားသမား ပေါ့ဘာကို ထည့်သွင်းအသုံးပြုခဲ့ခြင်းမရှိဘဲ အရံခုံမှာသာထိုင်ခိုင်းထားခဲ့တာဖြစ်ပါတယ်။ ပေါ့ဘာကိုထည့်သွင်းအသုံးမပြုခဲ့မှုအပေါ် မော်ရင်ဟိုက.. “ ဘာကြောင့်ဆို နီမန်ဂျာ ၊ လင်ဂတ် နဲ့ ဟာရဲယား တို့ရဲ့စွမ်းဆောင်ရည်အပေါ် ကျနော်ကျေနပ်လို့ပါ… နောက်ပြီး လီဗာပူးလို Pressing ကစားတဲ့အသင်းနဲ့ ပွဲမှာပေါ့ဘာရဲ့ ကစားပုံက အသင်းကိုအထောက်အကူပြုနိုင်မယ်မထင်ပါဘူး.. “ မော်ရင်ဟိုအနေနဲ့ လူကာကူရဲ့ စွမ်းဆောင်ရည်ကိုလည်းကျေနပ်နေပြီး “ သူ့အနေနဲ့ ဒီပွဲမှာ ကစားပုံအတော်လေးကောင်းမွန်ခဲ့ပါတယ်..။ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ပြီး ကောင်းမွန်တဲ့ရွေ့လျားမှုတွေနဲ့အတူ ဂိုးရဖို့အတွက်ပါဖန်တီးပေးခဲ့ပါသေးတယ်..” လို့သတင်းစာရှင်းလင်းပွဲမှာဖြေကြားခဲ့တာဖြစ်ပါတယ်။



17 Dec 2018     1,257 Views




RELATED

Most Popular of Football

Most Popular of Sport