BEC-TERO TV

နန္ဒနဲ့အထင်လွဲပြီး ကိုယ်ဝန်ဆောင်ဇနီးအား ယောက်ျားဖြစ်သူ ဓားနဲ့ထိုး

17 Dec 2018     1,519 Views


ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဇနီးသည်ကို ခင်ပွန်းဖြစ်သူက ကိုယ်ဝန်ကြီးနဲ့တောင် ပြည့်တန်ဆာ လုပ်ချင်နေသေးသည်ဟု စွပ်စွဲပြီးနောက် ဗိုက်ကို ဓါးနဲ့နှစ်ချက်ဆင့်ထိုးပြီး ကျောကုန်းကို ဓားနဲ့ လှမ်းခုတ်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရသည်။

စင်ကာပူနိုင်ငံ ဂေလန်းရပ်ကွက် လော်ရွန်း ၁၆ တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က  ဖြစ်ပွားခဲ့သည်။ “Mayuri” ဆိုသူ အမျိုးသမီးမှာ ယခင်က ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် သန့်ရှင်းရေး လုပ်သားဖြစ်သည့် Jayselan N Chandrasegar နဲ့ တရားဝင်လက်ထပ်ခဲ့ကြပြီး ပြည့်တန်ဆာ အလုပ်ကို ရပ်နားခဲ့သည်။ သို့သော် ယောက်ျား၏ သဝန်တိုစိတ်ကြောင့် တနှစ်ထက်တစ်နှစ် သူတို့ရဲ့ အိမ်ထောင်ရေးမှာ အဆင်မပြေမှုများ ကြုံတွေ့ခဲ့ရသည်။

သူမမှာ ကိုယ်ဝန်ရှိလာချိန်တွင် ခင်ပွန်းဖြစ်သူက သူနဲ့ရတဲ့ ကိုယ်ဝန်မဟုတ်ကြောင်း ပြောဆိုပြီး အမြဲလိုလိုရန်ဖြစ်ကြသည်။ ရန်ဖြစ်တိုင်း ခင်ပွန်းသည်ရဲ့ ရမ်းကားတဲ့ အမူအယာနဲ့ ကြမ်းကြုတ်တဲ့ စကားများကို ပောာခံဆိုခံခဲ့ရပြီး သည်းမခံနိုင်တော့သည့်အဆုံး ဒီဇင်ဘာ ၂၄ ရက်နေ့က နေအိမ်မှ ထွက်ပြေးခဲ့ကာ သူမ၏ သူငယ်ချင်းဟောင်း (ပြည့်တန်ဆာလုပ်ကိုင်နေသူ) ငှားရမ်းနေထိုင်သော ဂေလန်းရပ်ကွက်ရှိ လော်ရွန်း ၁၆ လမ်းတွင် ခတ္တသွားရောက် နေထိုင်ခဲ့သည်။

ဒီဇင်ဘာ ၃၀ ရက်နေ့က “Mayuri” ဟာ ကိုယ်ဝန်ကြီးနဲ့ အိမ်အနီးနားတွင် မနက်စာ ထွက်ဝယ်စဉ် လမ်းတွင် သူမ၏ သိကျွမ်ဟောင်း “နန္ဒ” ဆိုသူ အမျိုးသား (သတင်းတွင် Nanda ဟုသာ ဖော်ပြထားသည်) နှင့် တွေ့ပြီး စကားရပ်ပြောနေကြစဉ် သူမရဲ့ခင်ပွန်း ဒေါသထွက်နေသည့် အမူအယာဖြင့်ရောက်လာပြီး ပြည့်တန်ဆာ လုပ်ကိုင်ရန် လာငှားသည်ဟု “နန္ဒ” ကို စွပ်စွဲပြောဆို ရန်တွေ့ခဲ့သဖြင့် “နန္ဒ” က ရှောင်ထွက်သွားခဲ့သည်။

အဲဒီနောက် “Mayuri” က ပြန်လည် ဖြေရှင်းရန်လုပ်စဉ် ယောက်ျားဖြစ်သူက သူမကို လက်သီးနဲ့ထိုး စောင့်ကန်ပြီးနောက် ဓားနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လမ်းသွာလမ်းလာများက ရဲကိုအကြောင်းကြားခဲ့ပြီး အမျိုးသမီးကို ‘တန်တော့ဆင်း’ ဆေးရုံသို့ တင်ပို့ခဲ့ကြသည်။ တရားခံဖြစ်သူကို ထိုနေ့မှာပင် ရဲများက ဖမ်းဆီးနိုင်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ဗိုက်ထဲက ကလေးကို ထိခိုက်မိခြင်းမရှိကြောင်း သိရှိရသည်။ သူမက ခင်းပွန်းဖြစ်သူ၏ လုပ်ရပ်ကို ကြေအေးခွင့်လွှတ်ခဲ့ပြီး လင်မယားကွာရှင်းပြတ်စဲခြင်း မလုပ်ခဲ့ပေမယ့် တရားဥပဒေကတော့ အလွတ်မပေးခဲ့ပါ။


အဆိုပါအမှုကို အဆင့်ဆင့် ကြားနာစစ်ဆေးပြီးနောက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က Jayselan (၃၀ နှစ်) အား ထောင်ဒဏ် ၇ နှစ် နှင့် ကြိမ်ဒဏ် ၆ ချက် ကျခံစေရန် စင်ကာပူတရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း Straits Times သတင်းတွင် ဖော်ပြပါရှိသည်။


17 Dec 2018     1,519 Views




RELATED

Most Popular of International News

Most Popular of NEWS