BEC-TERO TV

ချစ်သူကို စိတ်ပူနေတယ်ဆိုတဲ့ မမအေးသောင်း

18 Dec 2018     1,628 Views


မြန်မာဆန်ဆန် အဝတ်အစားတွေကို ချစ်စဖွယ် သေသေသပ်သပ် ဝတ်စားဆင်ယင်တတ်ပြီး ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပတဲ့ မမအေးသောင်း ဟာဆိုရင် မြန်မာပြည်က မောင်လေးတွေရဲ့ အသဲစွဲ တစ်ယောက်ပဲမဟုတ်ပါလား။


ဟိုလူကလဲ မမအေးသောင်း၊ ဒီလူကလဲ မမအေးသောင်း နဲ့ မအေးသောင်းရဲ့ ပို့စ်တွေအောက်မှာ စာလေးတွေ၊ ကဗျာလေးတွေနဲ့ မန့်တတ်ကြတာ ချစ်စရာကောင်းတဲ့ ဓလေ့လေးတစ်ခုလိုဖြစ်နေပါပြီ။


မအေးသောင်းကလဲ သူမကို ချစ်တဲ့ပရိတ်သတ်တွေကို ဒီလိုပြန်ပြီး စာတွေ၊ ကဗျာတွေရေးဖွဲ့ပြီး စနောက်လေ့ရှိပါတယ်။


မမအေးသောင်းဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလဲ ဦးဆောင်ရင်း ပရဟိတလုပ်ငန်းတွေကိုလဲ တစ်ဖက်တစ်လှမ်းက လုပ်ကိုင်နေသူတစ်ယောက်ပါ။

 

သူမအပျိုကြီးဆိုတာတော့ လူတိုင်းအသိပါပဲ။ ဝိုင်တွေလိုပဲ သက်တမ်းရင့်ရင် အရသာပိုရှိတယ်ဆိုသလိုပေါ့ မမအေးသောင်းကလဲ သက်တမ်းရင့် ဝိုင်တစ်ခွက်လိုပါပဲ တွေ့ကြုံခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေအရ အနှစ်သာရ ပြည့်ဝနေတဲ့ လူတစ်ယောက် ဆိုလဲမမှားပါဘူး။


ရည်းစားရှိတယ် မရှိဘူး ဆိုတာမျိုး မမအေးသောင်းက ဘာမှပြောခြင်းမျိုးမရှိသေးပေမဲ့ တစ်ကိုယ်တည်းပဲ နေတော့မယ်လို့ ထင်မှတ်ရတဲ့မမအေးသောင်းဟာ ချစ်သူကို စိတ်ပူနေတဲ့အကြောင်း သူမရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားပြီး တင်ခဲ့ပါတယ်။


“သူနေမကောင်းရင် သူ့ဘေးနားပြေးသွားချင်တာမျိုး” လို့ရေးသားပြီးတင်ခဲ့တာပါ။ ကြည့်ရတာ မမအေးသောင်းရဲ့ ချစ်သူက နေမကောင်းဖြစ်နေပုံပါပဲ။


ချစ်သူက နေမကောင်းဖြစ်လို့ စိတ်မကောင်းဖြစ်နေတဲ့ မမအေးသောင်းကို ချစ်တဲ့ပရိတ်သတ်ကြီးကရော ဒီတိုင်းလက်ပိုက်ကြည့်နေနိုင်မယ် မထင်ပါဘူးနော်။ မမအေးသောင်းကို သနားတယ်၊ ချစ်တယ်ဆိုရင် like&share လုပ်ပေးကြပါဦး။


18 Dec 2018     1,628 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS