BEC-TERO TV

နိုင်ငံတော် သီချင်းကို အသံပါဝါ ကောင်းကောင်းနဲ့ သီဆိုခဲ့တဲ့ အသက် ၇ နှစ်အရွယ်ကောင်မလေး

18 Dec 2018     1,382 Views


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က MLS cup ဖလား ပွဲစဉ်မတိုင်မှီ အမေရိကန်နိုင်ငံတော်သီချင်းကို အသက် ၇ နှစ်အရွယ် မာလယ် အယ်မာ ဆိုတဲ့ ကောင်မလေးက ပရိတ်သတ် ၇၀၀၀၀ ကျော်ရှေ့မှာ သီဆိုပေးခဲ့ပါတယ်။

အဆိုပါပွဲမှာ အတ္တလနာ ယူနိုက်တတ်အသင်းနှင့် ပေါ့လန့် အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ် ။ သူမ ဟာ အဆိုပညာ မှာ ထူးချွန်ထက်မြတ်သူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ က Angeles Galaxy Game ပြိုင်ပွဲမှာ နိုင်ငံတော် သီချင်းဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ပြီး ပထမဆုရရှိခဲ့ပါတယ်။


အဆိုတော်မလေး မာလယ် အယ်မာ ဟာ နိုင်ငံတော် သီချင်းကို super Bowl ကွင်းထဲမှာ သီဆိုခွင့် ရရှိဖို့ဟာ သူမရဲ့ အိမ်မက် လို့ဆိုပါတယ်။ သူမ ဟာ LA Galaxy အသင်းဖန် ပရိတ်သတ် တစ်ဦးလို့လည်းသိရပါတယ်။



MLS cup ဖလား ပွဲစဉ်မှာ အတ္တလနာ ယူနိုက်တတ်အသင်းက ပေါ့လန့် အသင်း ကို ၂-၀ ဖြင့်အနိုင်ရရှိခဲ့ပြီး MLS cup ဖလားကိုရရှိခဲ့ပါတယ်။ဗီဒီယို ကို အောက်မှာကြည်ရူနိုင်ပါတယ်။


18 Dec 2018     1,382 Views




RELATED

Most Popular of Football

Most Popular of Sport