BEC-TERO TV

ကစ်ကစ်ရဲ့ကျန်းမာရေးအတွက် ကူညီပေးသွားမယ့် ထာဝရအလှူရှင် ပေါ်ထွက်လာ

18 Dec 2018     1,282 Views


တစ်ချိန်က အနုပညာလောကထဲမှာ ဟာသသရုပ်ဆောင်၊ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ လူတွေရဲ့ ဘ၀အမောတွေကို ခဏတာရယ်မောစေခြင်းဖြင့် ဖြေဖျောက်ပေးခဲ့တဲ့ သရုပ်ဆောင်ကစ်ကစ်ကတော့ ကျန်းမာရေးမကောင်းတာကြောင့် သရုပ်ဆောင်အဖြစ်ကနေ အနားယူလိုက်ပြီဖြစ်ပါတယ်။ သူမဟာ ကျောက်ကပ်ရောဂါဝေဒနာကို ဆိုးဆိုးဝါးဝါးခံစားနေရပြီး ငွေကြေးအခက်အခဲကြောင့် ဆေးကုသဖို့တောင် အခက်အခဲဖြစ်ခဲ့ရပါတယ်။ အနုပညာအသိုင်းအ၀ိုင်းမှ ညီအစ်ကိုမောင်နှမတွေနဲ့ တစ်ချို့သော ပရိသတ်အလှူရှင်တွေရဲ့ထောက်ပံ့မှုကြောင့် ဆေးကုသမှုခံယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အလှူရှင်တွေထဲမှာတော့ အဆိုတော်သရုပ်ဆောင် ခင်သဇင်မှ ကစ်ကစ်ရဲ့ကျန်းမာရေးအတွက် အလုံးစုံတာဝန်ယူကာ ငွေကြေးထောက်ပံကူညီနေတာပဲဖြစ်ပါတယ်။



ကစ်ကစ်ဟာဆိုရင် ဆေးရုံတက်ခွဲစိတ်ကုသမှုခံယူပြီးပေမယ့် သူမအတွက် တစ်ပတ်တစ်ခါကျောက်ကပ်ဆေးနိုင်ဖို့အတွက် ငွေကြေးခက်ခဲမှုဖြစ်နေတဲ့အတွက် သရုပ်ဆောင်ခင်သဇင်မှ မကစ်ကို ထာဝရကူညီထောက်ပံ့နိုင်မယ့် အလှူရှင်တွေကို ရှာဖွေခဲ့ပါတယ်။ ချစ်သူခင်သူပေါပြီး ကုသိုလ်ကံကောင်းတဲ့ မကစ်အတွက် ထာဝရအလှူရှင် (၂) နှစ်ဦးထွက်ပေါ်လာခဲ့ပါတယ်။ အလှူရှင်တွေထွက်ပေါ်လာတဲ့အကြောင်းကိုတော့ အဆိုတော်ခင်သဇင်မှာ အားရ၀မ်းသာနဲ့ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားတာပဲဖြစ်ပါတယ်။



“ထာဝရအလှူရှင်လေးက စောစီးစွာ မိတ်ဆွေအသိဆီမှတဆင့် ဖုန်းဆက်လာပြီး မိမိဆန္ဒအလျှောက် သူမ၏လစာငွေမှ ရာသက်ပန် တစ်လတစ်သိန်း မကစ်အတွက်လှူဒါန်းလိုကြောင်း ဆက်သွယ်ပါသဖြင့် လူကိုယ်တိုင် အလုပ်မှအပြန် သွားရောက်တွေ့ဆုံလက်ခံပေးဖြစ်ပါတယ်…. မကစ်ဟာ သူမရဲ့ ငယ်စဉ်ဘဝလေးထဲက ကြိုက်နှစ်သက်ခဲ့ရတဲ့ ဟာသသရုပ်ဆောင်ဖြစ်ကြောင်း၊ သူမ အပြင်မှာတခါမှမဆုံဖူးပေမယ့် သံယောဇဉ်တစ်ခုကြောင့် ယခုလိုရာသက်ပန်အလှူရှင်လုပ်ဖို့ ဆုံဖြတ်ဖြစ်ကြောင်းများကို ဆွေးနွေးမေးမြန်းဖြစ်ပါတယ်….လေးစားပါတယ် ညီမလေး”



“မကစ်အတွက် ထာဝရအလှူရှင်နောက်ထပ်တစ်ဦးကတော့ မန္တလေး Zwe Wathan Construction company မှ Managing Director ဖြစ်ပါတယ်။ Post အောက်မှာ လှူချင်လို့ comment လေးထားပြီး ဆက်သွယ်လာလို့ messenger ကတဆင့် လှမ်းဆက်သွယ်ဖြစ်ပါတယ်။ တော်တော်လေးကို သဒ္ဒါအားကြီးပါတယ်။ ခင်သဇင် မန္တလေးရောက်နေတုန်း တစ်နှစ်စာ ၁၂ သိန်း တိတိကို အရင်ပေးထားပါရစေဆိုပြီး ရောက်နေတဲ့နေရာအထိကို လာလှူသွားတာပါ။ သူကလည်း မကစ်နဲ့ လူချင်းရင်းနှီးလို့မဟုတ်ပဲ အင်တာနက်မှာ မကစ်အကြောင်းတွေ့တိုင်း စိတ်မကောင်းဖြစ်မိလွန်းလို့ ကိုယ်ချင်းစာမိတာနဲ့ ဒီလို ရာသက်ပန်အလှူရှင်လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါတဲ့” ဆိုပြီး ရေးသားကာ အလှူရှင်တွေအတွက်လဲ သာဓုခေါ်ဆိုကာ ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ်။ မကစ်တစ်ယောက်တော့ အတိုင်းမသိဝမ်းသာနေမှာပဲနော်…




18 Dec 2018     1,282 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS