BEC-TERO TV

ဇာတ်ရုပ်ပီပြင်ဖို့ (၁၀)နှစ်တာအရှည်ထားခဲ့တဲ့ ဆံပင်တွေကိုညှပ်ပစ်ခဲ့တဲ့ဦးကျော်သူ

18 Dec 2018     1,324 Views


ထပ်ဆင့်အကယ်ဒမီများရှင် အကယ်ဒမီဦးကျော်သူဟာ မကြာခင်မှာ ရိုက်မယ့် ဇာတ်ကား ၁၀၁၄ ဆိုတဲ့ရုပ်ရှင်ကားကြီးအတွက် သူ့ရဲ့ ၁၀ ကြာအရှည်ထားခဲ့တဲ့ ဆံပင်တွေကိုဖြတ်ထုတ်ခဲ့ပါတယ်။

ရုပ်ရှင်ကြည့်ပရိတ်သတ်တွေအတွက် တကယ်စစ်မှန်တဲ့ရသကိုပြချင်တဲ့အတွက် သူတကယ်ချစ်မြတ်နိုးတဲ့ ဆံပင်တွေကိုဖြတ်ထုတ်လိုက်တာဖြစ်တယ်လို့ ဦးကျော်သူကပြောပြခဲ့ပါတယ်။


ဒီဆံပင်တွေက စက်တင်ဘာ သံဃာ့အရေးအခင်းအပြီး ဒီဆံပင်အရှည်တွေကိုထားခဲ့တာဖြစ်ပြီး ဆယ်နှစ်တိုင်တိုင် ထားရှိခဲ့တဲ့ ဆံပင်တွေဖြစ်ပါတယ်။ ကြားထဲမှာ တစ်ခါထဲ ညှပ်ဖူးခဲ့တယ်လို့ဆိုပါတယ်။

၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးဟာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းမှုတရား ကိုလူတိုင်းလိုချင်နေကြတဲ့အကြောင်း၊ ငြိမ်းချမ်းမှုကို ဖော်ကျူးပြသရမယ့် ဇာတ်ရုပ်ဖြစ်တဲ့အတွက် ဦးကျော်သူက ဆံပင်ညှပ်လိုက်ရတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


ငြိမ်းချမ်းရေးအတွက် ဆံပင်အဆုံးရှုံးခံလိုက်ရတာတန်ပါတယ်၊ ကျေနပ်တယ်၊ ပီတိဖြစ်တယ်လို့ ဦးကျော်သူကပြောကြားခဲ့ပါတယ်။

၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးပြီးသွားတဲ့အခါကျရင် ဆံပင်အရှည်ဆက်ထားသွားမယ်လို့ ဦးကျော်သူကပြောပါတယ်။ ဦးကျော်သူ ဆံပင်အရှည်၊ မုတ်ဆိတ်မွှေးအရှည်တွေထားရတဲ့ ရည်ရွယ်ချက်က လူမှန်ရင် အယုတ်အလတ်မရွေး၊ ဆင်းရဲချမ်းသာမရွေး အပြင်ပန်းရုပ်ရည်အသွင်အပြင်က အဓိကမဟုတ်ပဲ အတွင်းစိတ်လှပဖို့သာအဓိက ဖြစ်ကြောင်း ကိုပြသချင်လို့ ထားတယ်လို့ဆိုပါတယ်။ ဦးကျော်သူအနေနဲ့ ဆံပင်ရှည်ကြီးနဲ့ ရုပ်ဆိုးနေပေမယ့် သူတတ်စွမ်းသလောက် ပရဟိတ လုပ်ငန်းတွေကိုလုပ်ဆောင်ပြီးနိုင်ငံကိုအကျိုးပြုနေခဲ့တာပါပဲ။

 


အခုလဲ သူဒီလိုမှ ကတုံးမတုံးရင် ဇာတ်အိမ်ရဲ့ ပေးချင်တဲ့ message ကိုပရိတ်သတ်မရသွားမှာစိုးတဲ့အတွက် ကတုံးတုံးလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

ရုပ်ရှင်ကြည့်ပရိတ်သတ်ကိုအလေးထားပြီး ဇာတ်ရုပ်ပီပြင်အောင် ဆယ်နှစ်တာ ထားခဲ့ရတဲ့သူမြတ်နိုး စွဲလမ်းရတဲ့ ဒီဆံပင်ရှည်ကြီးတွေကိုညှပ်ပစ်လိုက်တာဟာ အမှန်တကယ်ကို လေးစားအတုယူစရာပါပဲ။ ပရိတ်သတ်ကြီးလဲ ဦးကျော်သူရဲ့ စေတနာ၊ မေတ္တာတွေကိုနားလည်ခံစားမိတယ်ဆိုရင် like&share လုပ်ဖို့ မမေ့ကြနဲ့ ဦးနော်။



18 Dec 2018     1,324 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS