BEC-TERO TV

၎နှစ်ခွဲစာချုပ်နဲ့ အစ္စကို ချယ်လ်ဆီးအသင်းကိုရောက်ရှိဖို့ သတင်းထွက်

19 Dec 2018     1,295 Views


ချယ်လ်ဆီးအသင်းဟာ ရီးယဲလ်အသင်းကွင်းလယ်လူ အစ္စကို ခေါ်ယူပေးဖို့ ပေါင်သန်း ၇၀ နဲ့ကမ်းလှမ်းခဲ့မှုဟာကစားသမားနဲ့ ရီးယဲလ်အသင်း နှစ်ဦးနှစ်ဖက်သဘောတူညီခဲ့တာကြောင့် အစ္စကိုအနေနဲ့ ၄ နှစ်ခွဲစာချုပ်နဲ့ လန်ဒန်ကလပ်သင်းကို ဇန်နဝါရီ လအစောဆုံး အပတ်မှာ ရောက်ဖို့ရှိနေတယ်လို့ သိရပါတယ်။


ချယ်လ်ဆီးနည်းပြဆာရီဟာပြီးခဲ့တဲ့ရက်ပိုင်းကအသင်းအားကစားဒါရိုက်တာဂရန်နော့ဗ်စကိုင်းနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက် အသင်းရဲ့လက်ရှိတိုက်စစ် Performance ကိုအသေအချာရှင်းပြခဲ့ကာ တိုက်စစ်မှူးစစ်စစ်မဝယ်ယူတော့ဘဲ ဟာဇက်ကို တိုက်စစ် false 9 (တည်ကြက်တိုက်စစ်မှူး)နေရာမှာဆက်ကစားပြီးစစ္စကို,ကို ကွင်းလယ်နဲ့ တိုက်စစ်ကြား လွတ်လွတ်လပ်လပ်ကစားစေတဲ့နည်းစနစ်အသုံးပြုဖို့အတွက် ခေါ်ယူပေးဖို့ တောင်းဆိုခဲ့မှုကို အသင်းဘက်ကအလျင် အမြန်ကြိုးစားခဲ့ရာမှာ ပြောင်းရွှေ့ကြေးပေါင်သန်း ၇၀ ကိုရီးယဲလ်အသင်းဘက်က သဘောတူညီခဲ့သလို၊ ကစားသမား ဘက်ကလည်း တပတ်ကိုလစာ ပေါင် ၂ သိန်းခွဲနဲ့ ပုဂ္ဂိုလ်ရေးအစောပိုင်းညှိနှိုင်းမှုကိုလည်းလက်ခံခဲ့တယ်လို့သိရပါတယ်။


19 Dec 2018     1,295 Views




RELATED

Most Popular of Football

Most Popular of Sport