BEC-TERO TV

စီရော်နယ်ဒို ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့တဲ့ ကျောက်စီပန်းချီကား

20 Dec 2018     1,662 Views


ဂျူဗင်တပ်အသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်အသင်းဘက်ကိုသူသွင်းယူခဲ့တဲ့ နောက်ပြန်ကန်ချက် ပုံစံတူ ကျောက်စီပန်းချီကားကို လက်ဆောင်အဖြစ် လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရာသီကချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဂျူဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ အီတလီမြေမှာ တွေ့ခဲ့ကြတော့ အဲဒီအချိန်က ရီးရဲလ်ကစားသမားဖြစ်နေတဲ့ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်ဘက်ကို နောက်ပြန်ကန်ချက်နဲ့လှပစွာဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။အဲဒီတုန်းက ရီးရဲလ်က ဂျူဗင်တပ် အသင်းကို ၃-၀ နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။


ဒါကို ကိုလံဘီယာပန်းချီပညာရှင်တစ်ဦးဖြစ်တဲ့ မော်ရီစီယိုဘင်နီတက်ဇ်ဆိုတဲ့သူက Swarovski ဖန်သားသလင်းကျောက်တွေနဲ့ ပုံဖော်ကာ စီရော်နယ်ဒိုကိုလက်ဆောင်လာပေးခဲ့တာဖြစ်ပါတယ်။ Mr Bling ဆိုတဲ့ဒီပညာရှင်ဟာ တူရင်မြို့အထိလာပြီး သူ့ပန်းချီကားကို စီရော်နယ်ဒိုဆီ လက်ဆောင်လာပေးခဲ့တာဖြစ်ပါတယ်။


ဒီအတွက်လည်းဘင်နီတက်ဇ်က အရမ်းဝမ်းသာနေပြီး စီရော်နယ်ဒိုက လိုလားစွာလက်ခံခဲ့တဲ့အပြင် သူ့အနုပညာကိုလည်းချီးမွမ်းခဲ့လို့ လူမှုစာမျက်နှာထက်ကနေတစ်ဆင့် သူ့ရဲ့ဝမ်းမြောက်မှုကို ဖော်ပြသွားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်ကိုပြီးခဲ့တဲ့နွေရာသီကပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြနေသူဖြစ်ကာ မကြာသေးခင်ကလည်း ဂျူဗင်တပ်အတွက် စီးရီးအေ ဂိုး၅၀၀၀ မြောက်ကိုသွင်းယူခဲ့ပါသေးတယ်။



20 Dec 2018     1,662 Views




RELATED

Most Popular of Football

Most Popular of JOB