BEC-TERO TV

လီဗာပူးလ် အသင်း ကစားသမားတွေနဲ့ တွေ့ဆုံခွင့်ရရှိခဲ့တဲ့ မျက်မမြင်ပရိတ်သတ်လေး မိုက်ကီယာနေး

21 Dec 2018     1,271 Views


သူနာမည်က တော့ မိုက်ကီယာနေး ပါ ။ သူဟာ အမြင်အာရုံ ချို့ယွင်းနေတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ လီဗာပူးလ် နဲ့ နာပိုလီ တို့ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ မိုဆာလတ်ရဲ့ သွင်းဂိုး အပြီး သူ့ရဲ့ အောင်ပွဲခံနေတဲ့ Video ဟာ တစ်ကမ္ဘာလုံးကို ပြန့်နှံ့ သွားခဲ့ပြီး ဘောလုံး ပရိသတ်တွေရဲ့ အားပေးမှုတွေ ၊ လေးစား အားကျမှုတွေကို သိမ်းပိုက် ထားခဲ့သူ ဖြစ်ပါတယ်။ မျက်မမြင်လေး မိုက်ကီယာနေး ကို လီးဗာပူးလ် အသင်းတာဝန်ရှိသူတွေက ယာဂန်ကလော့ပ် နှင့်အတူ လေ့ကျင့်ရေးကွင်း မဲဝုဒ်မှာ ကစားသမားတွေနဲ တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။

ဒီမနက်မှာတော့ သူဟာ လီဗာပူးလ် အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ညီအစ်ကို ဝမ်းကွဲ ဖြစ်သူ စတီဖင် ဂါစီယာ နဲ့ ရောက်ရှိလာခဲ့ပါတယ်။ ရောက်ရောက်ချင်းမှာတော့လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က စတင် နှုတ်ဆက်ခဲ့ပြီး ၊ ဆိုရှယ်မီဒီယာပေါ်က မင်းသား နှစ်ယောက်လို့ စတင် အရွန်းဖောက်လိုက်ရာ ၊ မိုက်ကီယာနေး ကလဲ ကလော့ပ်ကြီးကို အားကျလို့ အတုယူပြီး အောင်ပွဲ ခံခဲ့ကြတာပါလို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် မှာတော့ နာပိုလီ နဲ့ ပွဲက သူရဲကောင်းဖြစ်ခဲ့တဲ့ မိုဆာလတ်က အဝတ်လဲခန်း ထဲကနေ ထွက်လာခဲ့ပြီး ၊ ကီယာနေး တို့ ညီအစ်ကို နှစ်ယောက် အတွက် သူ့ရဲ့ ဂျာစီကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ ပါတယ်။ မိုဆာလတ်ဟာ မိုက်ကီယာနေးကို ပေးတဲ့ ဂျာစီမှာတော့ သူ့ရဲ့ ကျောနံပါတ်ပေါ်မှာ “ To Michael, your support is an inspiration, Mo Salah” လို့ စာသား ရေးသားထားခဲ့ ပါတယ်။


အဲဒီ နောက်မှာတော့ ကျန်တဲ့ ကစားသမားတွေ နဲ့ တွေ့ဆုံခဲ့သလို ၊ အိုရီဂီ နဲ့ တွေ့ဆုံစဉ် အဲဗာတန် နဲ့ ပွဲက သွင်းဂိုး အကြောင်းကို မိုက်က စာဖွဲ့ ပြောခဲ့ပြန်ပြီး ၊ ဂိုးသမား အလီဆွန် ကြီးကလဲ “ ခင်ဗျားရဲ့ Video ကို ကြည့်လိုက်ရတယ်ဗျာ ၊ အခုချိန်မှာတော့ ခင်ဗျားက တကယ့်ကို နာမည်ကြီး တစ်ယောက် ဖြစ်နေပါပြီလို့” ချီးကျူး ပြောဆို သွားခဲ့ ပါတယ်။

ဆက်တိုက်ဆိုသလို ဗန်ဒိုက် ၊ ဝိုင်နယ်ဒမ် ၊ ကလိုင်နီ တို့က မိုက် တို့ ညီအစ်ကို နှစ်ယောက်ကို တရင်းတစ်နှီးနဲ့ နှုတ်ဆက်လာခဲ့ကြပြန်ပါတယ်။


21 Dec 2018     1,271 Views




RELATED

Most Popular of Football

Most Popular of Sport