BEC-TERO TV

ကြက်ဥအကာနဲ့ သံပရိုသီးဟာ မျက်နှာပေါ်ကအရေးအကြောင်းတွေသက်သာပျောက်ကင်းစေ

03 Jan 2019     1,966 Views


အမျိုးသမီးတွေဟာ အသက် ၃၀ မပြည့်မီနဲ့ အသက် ၃၀ ကျော်နောက်ပိုင်းမှာ မျက်နှာ (သို့) ခန္ဓာကိုယ်မှာရှိတဲ့အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။ မျက်နှာမှာဆိုရင်တော့ အများအားဖြင့် နဖူးပေါ်မှာပေါ်လေ့ရှိပါတယ်။ အသက် ၄၀ ကျော် ၅၀ မှသာ တခြားခန္ဓာကိုယ်အစိတ်အပိုင်းမှာရှိတဲ့ အရေပြားတွေတွန့်လာကြတာပါ။ တချို့ဆို ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးအကြောင်းတွေပေါ်ပြီး အရေပြားတွေတွန့်လာတတ်တဲ့အခါ သူများထက်ပိုအသက်ကြီးတယ်လို့ အထင်ခံကြရပါတယ်။ အသက်ကြီးတယ်လို့ အထင်မခံရအောင် ဒီလိုအရေပြားတွေမတွန့်အောင် ထိန်းသိမ်းလို့ရမယ့် သဘာဝနည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။


ကြက်ဥအကာ

 

ကြက်ဥတစ်လုံးကို ခွဲပြီး အနှစ်သက်သက် အကာသက်သက်ဖယ်လိုက်ပါ။ ကြက်ဥအကာလို့ ခေါ်တဲ့အရည်ကြည်တွေကိုအရေးအကြောင်းတွေပေါ် တတ်တဲ့ မျက်နှာနဲ့ လည်ပင်းနားတစ်ဝိုက် အနှံ့လိမ်းပေးပါ။ လိမ်းပြီး မိနစ် ၂၀ တိတိကြာမှရေနဲ့ ဆေးချရမှာဖြစ်ပါတယ်။ အကယ်၍ သင့်အသားအရေဟာ ခြောက်သွေ့တတ်တဲ့ အမျိုးအစားဖြစ်တယ်ဆိုရင် ကြက်ဥအကာကို ဒိန်ချဉ်အနည်းငယ်ရောပြီး အထက်ပါ နည်းလမ်းအတိုင်းအသုံးပြုနိုင်ပါတယ်။ ဒိန်ချဉ်ဟာအသားအရေကို ကြည်လင်စေပြီး ရေဓာတ်ဖြည့်ပေးပါတယ်။
 
သံပရိုသီး (သို့) ရှောက်သံပုရာ

အသားအရေကို တင်းရင်းစေဖို့ ကြက်ဥအကာက နံတယ် ကြက်ဥကိုအသုံးမပြုချင်ဘူးဆိုရင် သဘာဝအသီးထဲကတစ်ခုဖြစ်တဲ့ သံပရိုသီးကို အသုံးပြုနိုင်ပါတယ်။ သံပရိုသီးကို ပန်းကန်လုံးထဲမှာ အရည်ကုန်အောင်ညစ်ပြီး သင့်ရဲ့ မျက်နှာနဲ့ လည်ပင်း အနှ့ံသုတ်လိမ်းပေးခြင်းအားဖြင့် အရေးအကြောင်းတွေဖြစ်ပေါ်လာခြင်းကိုကာကွယ်တားဆီးပေးပါလိမ့်မယ်။
 
အထက်ဖော်ပြပါ နည်းလမ်းတွေကို အသက်အရွယ်ကြီးလို့ အရေးအကြောင်းပေါ်မှ အသုံးပြုတာထက် ငယ်စဉ်ကတည်းကအရေးအကြောင်းတွေမပေါ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ နေ့စဉ်ပြုလုပ်ထားတာကပိုကောင်းပါလိမ့်မယ်။ အားလုံးပဲ အသက်ကြီးလာတဲ့အခါ ငယ်ရွယ်နုပျိုတဲ့ အလှတရားတွေကိုပိုင်ဆိုင်နိုင်အောင် ခုကတည်းက အသားအရေကို ဂရုတစိုက် ထိန်းသိမ်းလိုက်ကြပါစို့။
 
(ပိုပိုလေး)

03 Jan 2019     1,966 Views




RELATED

Most Popular of Health Fix

Most Popular of Life Style