BEC-TERO TV

အမျိုးသားသရုပ်ဆောင် ရှားပါးမှုကြောင့် အပြာကားထုတ်လုပ်မှု ကျဆင်းလာတဲ့ ဂျပန်

03 Jan 2019     4,419 Views


အပြာဇတ်ကားထုတ်လုပ်ရးအပိုင်းမှာ ကမ္ဘာ့ဈေးကွက်ကို ဦးဆောင်နေတဲ့ ဂျပန်ဟာ အခုနောက်ပိုင်းမှာ သရုပ်ဆောင် လိုအပ်ချက်ကြောင့် အခက်အခဲနှင့် ကြုံတွေ့နေရတယ် လိုသိရပါတယ်။ ဒါဟာလည်း အမျိုးသား သရုပ်ဆောင် ရှားပါလာကြောင့် ဖြစ်ပါတယ်။ အမျိုးသား သရုပ်ဆောင်အတွက် အရည်အချင်း ပြည်မှီသူများကို လျှောက်လွှာစနစ်ဖြင့် လက်ခံတယ်လို့လည်းသိရပါတယ်။

ဂျပန်နိုင်ငံရဲ့ King Of Porn လို့ အမည်ရထားတဲ့ Shimiken က အပြာလုပ်ငန်းခွင်မှာ အမျိုးသားသရုပ်ဆောင်တွေ လိုအပ်နေတယ်ဆိုတာကို သူရဲ့တွစ်တာကနေ ကြေညာခဲ့တာဖြစ်ပြီး၊ လုပ်ကိုင်လိုသူတွေအနေနဲ့ သူ့ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။


ဂျပန်နိုင်ငံမှာ Porn Industry တွေမှာ အမျိုးသားအပြာသရုပ်ဆောင်တွေ ရှားပါးမှုလာတာဟာ ပြသာနာ တစ်ရပ်ဖြစ်လာပြီး ဈေးကွက်ကို ထိရိုက်စေနိုင်တယ် လို့ဆိုပါတယ်။ လက်ရှိအချိန်မှာ အမျိုးသား သရုပ်ဆောင် တစ်ဦး အတွက်ပေးချေခ ဟာ ဒေါ်လာ ၂ သောင်း အထက် ရှိပါတယ်။ ထို့အတွက် အင်ဒို ၊ မလေး စသည့် အချိန်ပိုင်း အလုပ်သမားများလည်း အပြာကားအလုပ်ဖြင့် ဝင်ငွေကောင်းကြောင်းသိရသည်။


နာမည်ရ အပြာသရုပ်ဆောင်တွေကတော့ ဒေါ်လာ (၂၅၀၀၀)လောက်အထိ ဝင်ငွေရှိနေပြီး၊ အမျိုးသမီးသရုပ်ဆောင် လိုအပ်ချက်ကတော့ မရှိသေးဘူးလို့ သတင်းတွေအရ သိရပါတယ်။ အီမရီအိုကာဇာကီကဲ့သို့ နာမည်ရပြီး အမျိုးသမီးအပြာသရုပ်ဆောင်တစ်ဦးရဲ့ဝင်ငွေဟာ တစ်လမှာ (၁၆၈၀၀၀)အထိ ရှိတယ်လို့ Dailymail က ဆိုပါတယ်။

စစ်တမ်းအရ ဂျပန်နိုင်ငံဟာ တစ်လလျှင် အပြာဇတ်ကား (၄၀၀၀) ကျော်ထုတ်လုပ်နေပြီး။ အပြာမင်းသမီး (၁၀၀၀၀) မှာ အမျိုးသားသရုပ်ဆောင် (၇၀)သာ ရှိကြောင်းသိရသည်။


Shimiken ရဲ့ နာမည်အရင်းဟာ Shimizu Ken ဖြစ်ပြီး၊ (၁၉၉၈)ခုနှစ်ကတည်းက အပြာသရုပ်ဆောင်လောကကို ဝင်ရောက်လာခဲ့ပြီး (၄)နှစ်အတွင်းမှာ ဇာတ်ကားပေါင်း (၁၂၀၀)နီးပါး သရုပ်ဆောင်နိုင်ခဲ့တယ်လို့သိရပါတယ် ။ အခုဆိုရင် ထွက်ရှိပြီး အပြာဇာတ်ကား (၅၀၀၀)ကျော်နေပြီ ဖြစ်ပါတယ်။


03 Jan 2019     4,419 Views




RELATED

Most Popular of International News

Most Popular of NEWS