BEC-TERO TV

ကော်တင်ဟို စိတ်ဝင်စားနေတဲ့ ယူနိုက်တတ်နှင့် အပြောင်းအရွှေ့ သတင်းတိုများ

07 Jan 2019     1,356 Views


စပိန်ထိပ်သီး ကလပ် ရီးရဲမက်ထရစ်အသင်း ၏ ကွင်းလယ်ကစားသမား ဂျိမ်းရိုဒရီဂွတ် ကို အာဆင်နယ် အသင်း မှ ယူရို ၆၅ သန်းဖြင့် ကမ်းလှမ်းပါက လက်ခံစဉ်းစား သွားမှာဖြစ်တယ်လို့ Mirror ရဲ့ဖော်ပြချက်အရသိရသည်။ ဂျိမ်းဟာ လက်ရှိမှာ ဘွန်ဒလီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းတွင် အငှားသွာရောက်ကစားနေတာဖြစ်ပြီ ဒီနှစ်ရာသီ ကုန်မှာ ရီးရဲမက်ထရစ် အသင်းနှင့် ပြန်လည်းပူးပေါင်းမှာဖြစ်ပါတယ်။ အသက် ၂၇ နှစ် ရှိပြီဖြစ်တဲ့ ဂျိမ်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၀ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။


ဇန်နဝါရီဈေးကွက် မှာ ချလ်ဆီးအသင်းဟာ ခြေသွက်နေပြီး အမေရိကန်ကြယ်ပွင် ပူလီဆစ် ကိုခေါ်ထာနိုင်ပြီး နောက်ထပ် ပီအက်စ်ဂျီ အသင်း တိုက်စစ်မှုး ကာဗာနီကို ပေါင် သန်း၅၀ နဲ့ ခေါ်ယူမယ်လို့သိရပါတယ်။ ချလ်ဆီးအသင်းဟာ အသင်းကြီး ထပ်သီး ခြောက်သင်းမှာသွင်းဂိုးအနည်းဆုံးဖြစ်နေတာကြောင့် တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူမယ်လို့ သိရပါတယ်။


မန်စီးတီး အသင်း၏ အသက် ၁၉ နှစ်အရွယ် လူငယ်ကစားသမား ဘာဟင် ဒတ်စ် ကို ယူရို ၁၅ သန်းနဲ့ ရီးရဲမက်ထရစ် အသင်းက ခေါ်ယူနိုင်ခဲ့ပြီးလို့ မန်စီးတီး အသင်းက အတည်ပြုခဲ့ပါတယ်။

မန်ယူနိုက်တတ် အသင်းဟာ ဘာစီလိုနာ ကွင်းလယ်ကစားသမား ကော်တင်ဟို ယူရို သန်း ၁၀၀ ဖြင့်ခေါ်ယူအတွက် ညှိ့ နှိုင်းနေတယ်လို့ သိရပါတယ်။ ကောတင်ဟို ကို ၂၀၁၇ ခုနှစ်မှာ လီဗာပူးလ် အသင်းမှ ၁၄၂ သန်းဖြင့် ခေါ်ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။



07 Jan 2019     1,356 Views




RELATED

Most Popular of Football

Most Popular of Sport