BEC-TERO TV

တိုက်စစ်ပိုင်းက မေးခွန်ထုတ်စရာဖြစ်လာသလို ခံစစ်ကလည်း မလုံ

07 Jan 2019     1,302 Views


ဒီရာသီမှာ ရော်နယ်ဒို ထွက်ခွာသွားပြီးနောက်ပိုင်း ရီးရဲမက်ထရစ်အသင်းဟာ ရလဒ်ဆိုးတွေ ဆက်တိုက်ဆိုသလို့ ကြုံတွေနေရတာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် လူကာမိုဒရစ်ဟာ ရီးရဲမက်ဒရစ်ရဲ့ပြဿနာဟာ ပုံမှန်မဟုတ်တော့ဘဲ အကြိမ်ကြိမ်ဖြစ်နေပြီဖြစ်တဲ့အတွက် ပြဿနာကို ရှင်းရှင်းလင်းလင်းသိရအောင် ပြသာနာ ကို အဖြေရှာကြဖို့ လိုပြီလို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


မနေ့က ရီးရဲမက်ထရစ်အသင်းဟာ ဆိုစီဒက် အသင်းကို အိမ်ကွင်း ဘာနေဗျူးမှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့် ၅ နေရာသို့ရောက်ရှိသွားခဲ့ပါတယ်။ “ကျွန်တော်တို့ အတူတူထိုင်ပြီး ပြဿနာက ဘာလဲဆိုတာ အဖြေရှာထုတ်ရပါမယ် ။ ဒါက သာမန်တော့မဟုတ်တော့ပါဘူး။ တစ်ကြိမ်တည်းလည်းမဟုတ်ဘူး။ အကြိမ်ကြိမ်ဖြစ်နေပြီ။ ဒါတွေကို အမှန်တစ်ကယ် ဖြေရှင်းသင့်ဖို့ လိုပြီလို့ ”မိုဒရစ်က ပြောကြားခဲ့ပါတယ်။


ရလဒ် ဆိုးတွေကြုံတွေခဲ့လို့ နည်းပြ လိုပက်တီဂူ ကိုနှုတ်ပြီး လက်ထောက်နည်းပြ ဆိုလာရီ ကို ခန့်အပ်ခဲ့ပေမဲ့ ရလဒ်ဟာ ကောင်မွန်တဲ့အခြေအနေကို မတွေ့ ရသေးပါဘူး။ရီးရဲမက်ထရစ်အသင်းဟာ  ရီးရဲမက်ထရစ်အသင်းဟာ မန်ယူနိုက်တတ်က ထုတ်ပယ်ခံထားခဲ့ရတဲ့ နည်းပြဟောင်း မော်ရင်ဟို နဲ့လည်း သတင်းထွက်နေတယ်လို့ သိရပါတယ်။



07 Jan 2019     1,302 Views




RELATED

Most Popular of Football

Most Popular of Sport