BEC-TERO TV

ထိုင်းတွင် သူတောင်းစားကင်းမဲ့ဇုန် ၆ ခု စတင်အကောင်အထည်ဖော်

09 Jan 2019     1,415 Views


ထိုင်းနိုင်ငံ စီရင်စု ၆ ခုကို သူတောင်းစားကင်းမဲ့ဇုန်အဖြစ် သတ်မှတ်မည်ဖြစ်ပြီး အဆိုပါဇုန်များအတွင်း တောင်းစားသူများကို တွေ့ရှိပါက ထိုင်းဘတ် ၁၀,၀၀၀ (ကျပ် ၄၇၉,၇၈၆) ဒဏ်ငွေရိုက်သွားမည်ဖြစ်ကြောင်း တောင်းစားသူများ ထိန်းချုပ်ရေး ကော်မတီက ယခုသီတင်းပတ်တွင် အတည်ပြုလိုက်ပြီဖြစ်သည်။


ပထမဦးဆုံး စတင်အကောင်အထည်ဖော်မည့် စီရင်စု ၆ ခုမှာ Sing Buri, Prachin Buri, Lamphun, Phatthalung, Buri Ram, နဲ့ Sukhothai တို့ဖြစ်ပါတယ်။ တစ်ချိန်ထဲမှာပဲ နောက်ထပ် စီရင်စု ၁၁ ခုကိုလည်း သူတောင်းစားကင်းမဲ့ဇုန်အဖြစ် ပြုလုပ်တော့မည်ဖြစ်ကြောင်း ကြိုတင်နှိုးဆော်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ ပရောဂျက်အတွက် အစည်းအဝေးကို တနင်္လာနေ့က ကော်မတီ၏ နှစ်ပတ်လည်အစည်းအဝေးတွင် လူမှုဘဝမြှင့်တင်ရေး၊ လူမှုဘဝလုံခြုံရေးဝန်ကြီး ဗိုလ်ချုပ် အန်တာပွန် ကန်ဂျာရတ် တို့နဲ့အတူ ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တောင်းစားသူထိန်းချုပ်ရေး လမ်းပြမြေပုံ ၂၀၁၉−၂၀၂၁ အရ တောင်းစားသူအရေအတွက် တဖြည်းဖြည်း လျော့ကျသွားအောင် စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ဥပဒေအပိုဒ် ၁၉ အရ တရားမဝင် တောင်းရမ်းနေသည်ကိုတွေ့ရှိပါက ထောင်ဒဏ် ၁ လ သို့မဟုတ် ထိုင်းဘတ်ငွေ ၁၀,၀၀၀ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဟု ဖော်ပြထားပြီးဖြစ်သည်။


နောက်ထပ် သူတောင်းစားကင်းမဲ့ဇုန် ၁၁ ခုအဖြစ် သတ်မှတ်ထားသည့် စီရင်စုများမှာ  Trang, Bung Kan, Nakhon Phanom, Pattani, Phang Nga, Nan, Phetchabun, Phrae, Ratchaburi, Mae Hong Son နဲ့ Nong Bua Lamphu တို့ ဖြစ်သည်။


09 Jan 2019     1,415 Views




RELATED

Most Popular of International News

Most Popular of NEWS