BEC-TERO TV

ဒိန်းမတ်ဖွား အီရန် လူငယ်ကစားသမားလေး ရော်နယ်ဒို

09 Jan 2019     1,271 Views


အီရန်လူငယ်ကစားသမားလေး ရှန်တာဒေါ့ဘတ်ချီဟာ ရော်နယ်ဒိုနဲ့ရုပ်ချင်ဆင်တူတာကြောင့် ရော်နယ်ဒို ကိုယ်ပွားလို့ လူမှုကွန်ယက်မှာ ရေပန်းစားနေတာဖြစ်ပါတယ်။ အသက် ၂၀ ဒိန်းမတ်ဖွားအီရန် လူငယ်ကစားသမား ရှန်တာဒေါ့ဘတ်ချီဟာ ရော်နယ်ဒို အရူးအမူး အားကျခဲ့တာကြောင့် ရော်နယ်ဒိုရဲ့ မျက်နှာနဲ့ တူစေဖို့အတွက် မိဘတွေဆီက ပိုက်ဆံအများအပြားချေးယူကာ ခွဲစိတ်ပြုပြင်ထားတယ်လို့သတင်းထွက်နေပေမဲ့ ဒါတွေဟာ အမှားတွေလို့ ဖြေရှင်းထားပါတယ်။


သူက ” ထွက်ပေါ်နေတဲ့အဲ့ဒီသတင်းတွေဟာ အတုအယောင်တွေသာဖြစ်ပါတယ် ၊ အဲ့ဒီသတင်းကို ရေးသားခဲ့တဲ့ လူကို ကျနော်ဆက်သွယ်ခဲ့ပေမယ့် သူကျနော့် မက်ဆေ့ခ်ျ ကို ဘာမှအကြောင်းမပြန်ခဲ့ပါဘူး ၊ လူတွေက ကျနော့် ကို ရော်နယ်ဒို နဲ့ ဆံပင်စတိုင်ရော မျက်နှာပါ တူတယ်လို့ ထင်နေကြပေမယ့် ကျနော်ကတော့ သူတို့ပြောသလောက်ထိမတူသေးဘူးလို့ ထင်ပါတယ် ၊ ဒါပေမယ့်လည်း ဘာမှလုပ်လို့မရပါဘူး ” လို့ ဖြေရှင်းပြောကြားခဲ့ပါတယ်။


ရှန်တာဒေါဘတ်ချီ ဟာ ဘောလုံးကိုငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာဖြစ်ပြိး ဖခင်ဖြစ်သူကလည်း ဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။ ဘောလုံးကစားကို ခုံမင်နှစ်သက်သူ တစ်ဦးဖြစ်တာကြောင့် ရော်နယ်ဒို လိုမျိုး နာမည်ကျော် ကစားသမာဖြစ်လာအောင် ကြိုးစားမယ် လို့ဆိုပါတယ်။ ၂၀၂၀ အမ္ဘာ့ ဖလား ကို ကိုယ်စားပြု ကစားသွားမယ်လို့ သိရပြီ ရော်နယ်ဒိုနဲ့ ပြိုင်ဖက်အဖြစ် ကစားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။


ရှန်တာ ဟာ မေဂျာလိဂ်ကလပ် LA Galaxy အသင်းကနေထွက်ခွာခဲ့ပြီးနောက် အခုချိန်မှာ ရီးရဲယ်မက်ဒရစ် နဲ့ အက်သလက်တီကိုအသင်းတို့ ရဲ့ အကယ်ဒမီအသင်းတွေ ပါဝင်ယှဉ်ပြိုင်နေတဲ့စပိန်ဆီဂန်ဒါဘီ မှ Union Adarve အသင်း က အသင်းမှာ ကစားနေပြီး နာမည်ကျော်ကစားသမားဖြစ်လာဖို့ အစွမ်းကုန်ကြိုးစားနေတယ်လို့ သိရပါတယ်။


သူရဲ့အနာဂတ်နဲ့ ပက်သက်ပြီး ရှန်တာ က ” ကျနော်တကယ်ကိုချစ်မြတ်နိုးတဲ့ အသင်းမှာ နေထိုင်ပြီး ပွဲတိုင်း ကို ပါဝင်ကစားနိုင်ဖို့ဆိုတာဟာ ကျနော့်ရဲ့ အိမ်မက်ဖြစ်ပါတယ် ၊ အခုချိန်မှာတော့ နေ့တိုင်း အိပ်ရာကနိုးလာပြီ ဆိုတာ နဲ့ လေ့ကျင့်ရေးကွင်းကို အရောက်သွားပြီး ကစားပွဲတွေမှာ ပါဝင်ကစားနိုင်ဖို့ကို ကြိုးစားနေပါတယ် ၊အကောင်းဆုံးတွေ ကိုပဲ ကျနော် မျှော်လင့်ထားပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။


09 Jan 2019     1,271 Views




RELATED

Most Popular of Football

Most Popular of Sport