BEC-TERO TV

ကိုယ့်နာမည်က ပြောပြနေတဲ့ ကိုယ့်ရဲ့အကြောင်း

09 Jan 2019     3,086 Views


ဗေဒင်နတ္ခတ်နဲ့ တွက်ချက်တာမျိုး မဟုတ်ပဲ သင့်ရဲ့အမည်က သင့်ရဲ့ စိတ်နေသဘောထားက ဘယ်လိုရှိတယ်ဆိုတာ ပြောပြနိုင်တယ်ဆိုတာ ယုံကြည်လိုက်ပါ။ ဗေဒင်ပညာသိဖို့မလိုပဲ ကိုယ့်နာမည်ကို အင်္ဂလိပ်လို စာလုံးပေါင်းပြီး ရလာတဲ့ နောက်ဆုံးနံပါတ် တစ်ခုက ကိုယ့်ရဲ့အကြောင်းကို ကောင်းကောင်းကြီး ပြောပြပါလိမ့်မယ်။


နံပါတ်(၁)

နံပါတ်(၁) ဂဏန်းသမားတွေဟာ အားလုံးထဲမှာ ကိုယ်ကိုယ်ကိုယ်ယုံကြည်မှု အားကောင်းသူတွေ စိတ်ဓာတ်ခိုင်မာသူတွေ ဖြစ်ပါတယ်။ တစ်ခုခုကို ဆန္ဒပြင်းပျလာပြီဆိုတာနဲ့ မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်တတ်တဲ့ သူမျိုးတွေဖြစ်တယ်။ သူတို့ကို ဘာလုပ်ပါလို့ တစ်ယောက်ယောက် စေခိုင်းတာမျိုး လုံးဝ မနှစ်သက်တတ်ဘူး။ သူတို့ကသာလျှင် တစ်ခြားလူတွေကို ဘာလုပ်ပါလို့ ညွှန်ကြားချင်တဲ့ သူတွေ ဖြစ်တယ်။
 
 
နံပါတ်(၂)

နံပါတ်(၂) ဂဏန်းသမားတွေဟာ သဘောထားနူးညံ့သိမ့်မွေ့တဲ့ စိတ်ထားမျိုးပိုင်ဆိုင်သူတွေဖြစ်တယ်။ သူတို့တွေဟာ ရှက်တတ်တယ်၊ ယဉ်ကျေးမှုရှိပြီး တစ်ပါးသူအပေါ် လည်း ကြင်နာတတ်ကတယ်၊ တိရိစ္ဆာန်လေးတွေဆိုရင်လည်း သိပ်ချစ်တတ်ကြတယ်။ အေးအေးဆေးဆေးနေတတ်သူတွေပီပီ အပြင်ထွက်လျှောက်လည်ရတာထက်စာရင် အိပ်ထဲမှာ စာဖတ်ပြီးနေချင်တဲ့ သူမျိုးတွေပါ။ နူးညံ့တဲ့စိတ်ထားကြောင့် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းတွေ တစ်ခုမဟုတ်တခုက သူတို့ဆီမှာ ရှိနေတတ်ကြတယ်။
 
 
နံပါတ်(၃)

နံပါတ်(၃) ဂဏန်းပိုင်ရှင်တွေကတော့ သွက်လက်တက်ကြွသူတွေဖြစ်တယ်။ အလုပ်တွေကို အချိန်အတိ စနစ်တကျပုံမှန်လုပ်တတ်တာမို့  သူတို့မှာ အချိန်မလောက်ဘူးဆိုတဲ့ ပြဿနာမရှိပဲ ဝါဿနာပါတာတွေအတွက်ပါ အမြဲအချိန်ရှိနေတတ်သူတွေဖြစ်ပါတယ်။ တစ်နည်းဆိုရသော် အချိန်ကို စနစ်တကျ စီမံခန့်ခွဲတတ်သူတွေပါ။ ရိုးသားဖြောင့်မတ်တဲ့စိတ်၊ ထိုးထွင်းသိတဲ့စိတ်မျိုးတွေ ပိုင်ဆိုင်ထားကြသူမို့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကပါ မှီခိုအားထားလောက်တဲ့ သူမျိုးတွေဖြစ်ပါတယ်။
 
 
နံပါတ်(၄)

နံပါတ်(၄) ဂဏန်းပိုင်ရှင်တွေကတော့ လိမ္မာပါးနပ်သူတွေ၊ ဖျတ်လပ်သွက်လက်သူတွေ ဖြစ်ပါတယ်။ သူတို့က လူတွေကို ရယ်မောအောင်လည်း လုပ်နိုင်စွမ်းရှိသူတွေပါ။ နေရာတကာ ရှက်နေတတ်သူတွေမဟုတ်ပဲ သူတို့ရဲ့အမြင်တွေကို ပြောချလိုက်ဖို့ တုံ့ဆိုင်းနေတာမျိုး မရှိပါဘူး။ ဒီလိုပွင့်ပွင့်လင်းလင်း ပြောတတ်လို့ သူတို့ရဲ့ စကားတိုင်းကို လူတွေမကြိုက်တဲ့ အချက်မျိုးနဲ့ ကြုံတွေ့တတ်ပါတယ်။
 
 
နံပါတ်(၅)

နံပါတ်(၅) ပိုင်ရှင်တွေကတော့ ဉာဏ်ရည်ထက်မြက်သူတွေဖြစ်ပြီး အရိပ်ပြလိုက်တာနဲ့ အကောင်ထင်ပြီးသား လူစားမျိုးတွေဖြစ်ပါတယ်။ ကိစ္စအတော်များများပေါ်မှာ စိတ်ဝင်စားတတ်သူဖြစ်(တစ်နည်း စပ်စုတတ်)သလို ပေါင်းလို့သင်းလို့ကောင်းတဲ့ သူတွေဖြစ်ပါတယ်။ ခရီးသွားရတာနဲ့ အထူးအဆန်းတွေ လုပ်ရတာကို အလွန်သဘောကျသူတွေဖြစ်ပါတယ်။
 
 
နံပါတ်(၆)

နံပါတ်(၆) ဂဏန်းပိုင်ရှင်ကတော့ နံပါတ်တွေအားလုံးထဲမှာ အပျော်ရွှင်ဆုံးနဲ့ အကောင်မြင်တတ်ဆုံး သူတွေဖြစ်ပါတယ်။ သူတို့တွေဟာ ဘယ်လောက်ပဲဆိုးတဲ့ အခြေအနေတွေနဲ့ ကြုံနေပါစေ အဲဒီအထဲက အကောင်းကိုပဲ ရွေးချယ်တတ်ကြသူတွေပါ။ အဲဒီလို အကောင်းမြင်တတ်တဲ့ စိတ်ကို ပိုင်ဆိုင်ထားလို့ မိတ်ဆွေတွေအများကြီး ရှိထားသူဖြစ်ပါတယ်။
 
 
နံပါတ်(၇)

နံပါတ်(၇) ဂဏန်းသမားတွေဟာ ပါးနပ်သူတွေဖြစ်သလို အရာရာကို အလေးအနက်ထားပြီး ဆိတ်ဆိတ်ငြိမ်ငြိမ်နေတတ်သူတွေဖြစ်ပါတယ်။ သူတို့တွေဟာ အပေါင်းအသင်းနဲသူတွေဖြစ်ပြီး အနီးကပ်ပေါင်းတဲ့ သူငယ်ချင်း တစ်ယောက်နှစ်ယောက်လောက်ပဲ ရှိတတ်ကြသူတွေဖြစ်ပါတယ်။ တစ်ယောက်ထဲနေရတာကို သဘောကျပြီး လူစည်ကားတဲ့နေရာတွေ ပွဲလမ်းသဘင်တွေ သွားရတာကို နှစ်ခြိုက်လေ့မရှိပါဘူး။ (၇)ဂဏန်းသမားတွေဟာ တိရိစ္ဆာန်လေးတွေကို ချစ်တတ်သလို အေးချမ်းတဲ့ တောတောင်သဘာဝတွေကိုလည်း မြတ်နိုးတတ်သူတွေဖြစ်ပါတယ်။
 
 
နံပါတ်(၈)

နံပါတ်(၈) သမားတွေက ထိုးထွင်းသိစိတ်ရှိပြီး အများနဲ့လိုက်လျောညီထွေ နေတတ်ကြသူတွေဖြစ်ပါတယ်။ ဒါကြော်င့်မို့ တစ်ခါတစ်ရံ တစ်ဖက်သားအပေါ် အရမ်းကြင်နာပြတတ်သူတွေပါ။ သူတို့တွေဟာ အလုပ်ကြိုးစားသလို ဝါသနာပါရာကိစ္စတွေမှာလည်း အားထုတ်ကြိုးပမ်းသူတွေဖြစ်ပါတယ်။
 
 
နံပါတ်(၉)

နံပါတ်(၉) ပိုင်ရှင်တွေကတော့ အနုပညာဆန်သူတွေဖြစ်တယ်လို့ ခြုံပြောနိုင်ပါတယ်။ သူတို့တွေဟာ ပါးနပ်တယ်၊ စိတ်ကူးပုံဖော်နိုင်စွမ်းရှိကြပေမယ့် တစ်ခါတစ်လေ အပျင်းတစ်နေတတ်ကြသူတွေပါ။ ပျော်ပျော်ပါးပါးနေရတာကို သူတို့ကိုယ်တိုင် နှစ်ခြိုက်ကြပါတယ်။ 
 
လူအတော်များများက (၉) ဂဏန်းပိုင်ရှင်တွေကို သဘောကျပြီး အပေါင်းအသင်းလုပ်ချင်ကြပါတယ်။ ဒါပေမယ့် သူတို့ကတော့ လူတွေအပေါ် အမြဲတစေ ကောင်းလှတယ် မဟုတ်ပဲ သူများအတွက် သိပ်အချိန်မပေးချင်ကြသူမျိုးဖြစ်ပါတယ်။
 
ကိုယ့်ရဲ့နာမည်ပေါင်းခြင်း နံပါတ်က ပြောပြတဲ့ ကိုယ့်ရဲ့စိတ်နေသဘောထားနဲ့ မှန်ကန်တိုက်ဆိုင်တယ်ဆိုရင် သူငယ်ချင်းတွေသိအောင် ရှဲပေးဖို့ မမေ့ပါနဲ့ဦး..။

09 Jan 2019     3,086 Views




RELATED

Most Popular of Special or Others

Most Popular of Life Style