BEC-TERO TV

မနော်သော့သွဲ့ထူးအတွက် ကျပ် ၃၄ သိန်းကျော် စင်ကာပူအလုပ်ရှင် ထပ်မံလွှဲပေး

10 Jan 2019     1,291 Views


တစ်သောင်းကျပ်တန် ငွေစက္ကူအတုများ တွေ့ရှိမှုဖြင့် ဖမ်းဆီးတရားဆွဲဆိုခံခဲ့ရသော နော်သော့သွဲ့ထူး အား စင်ကာပူနိုင်ငံမှ သူမ၏ အလုပ်ရှင်ဖြစ်သူက နစ်နာနာကြေးအဖြစ် မြန်မာကျပ်ငွေ ၃၄ သိန်းကျော် ပြန်လည်လွှဲအပ်ပေးခဲ့ကြောင်း သိရှိရသည်။

နော်သော့သွဲထူး သည် စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် ၃ နှစ်ကြာ သွားရောက်လုပ်ကိုင်ခဲ့ပြီးနောက် မြန်မာပြည်သို့ အပြီးပြန်လာရန် စီစဉ်စဉ် အိမ်ရှင် ဖြစ်သူက သူမ၏ လုပ်အားခများကို စင်ကာပူ ငွေလွှဲဌါနတစ်ခုတွင် မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲပေးခဲ့သည်။

မြန်မာပြည်ပြန်ရောက်သည့်အခါ စင်ကာပူတွင် လဲလှယ်ခဲ့သော မြန်မာကျပ်တစ်သောင်းတန် ငွေစက္ကူများ အတုဖြစ်နေခဲ့ပြီး ငွေစက္ကူအတု လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။

ယခုအခါ စင်ကာပူအိမ်ရှင်မှ ငွေစက္ကူအတုများကြောင့် သူမဆုံးရှုံးနစ်နာခဲ့သော လုပ်အားခငွေ ၂၉ သိန်း ၆ သောင်း ကို ပြန်လည်ပေးအပ်သည့်အနေနဲ့ ကျပ်ငွေ ၃၄ သိန်းကျော်ကို ဇန်နဝါရီလ ၈ ရက်နေ့က ဒိုက်ဦးမြို့နယ်က ဘဏ်တစ်ခုသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှဝင်းက ပြောကြားခဲ့သည်။


" မနေ့က လွှဲပေးလိုက်တာပါ။ သူဆုံးရှုံးသွားတဲ့ ၂၉ သိန်းခြောက်သောင်း အစားကို အခု ၃၄ သိန်းအစွန်းထွက်လေးကို လွှဲပေးလိုက်တယ်။ ကျွန်တော်တို့ကတော့ ပြည်သူက နစ်နာတဲ့အတွက် အခုလို နစ်နာကြေးပြန်ပေးတာ ဝမ်းသာတာပေါ့။သူရသင့် ရထိုက်တဲ့အခွင့်အရေးပဲ။ သူများနိုင်ငံမှာ အလုပ် လုပ်ပြီးတော့ ငွေတုတွေနဲ့ တိုးပြီးတကယ်နစ်နာတဲ့အပြင်ကို အဖမ်းပါခံရတယ်ဆိုတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အလုပ်တစ်ခုလို့မြင်တယ်။ ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ထင်တယ်" ဟု ဦးလှဝင်းက ရှင်းပြသည်။

လက်ရှိတွင် နော်သော့သွဲ့ထူးအနေဖြင့် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅ ကို ဆက်လက်ဖြေရှင်းရန်ကျန်ရှိနေသေးပြီး၊ လာမည့် ဇန်နဝါ၇ီ ၁၇ ရက်တွင် ဆက်လက်စစ်ဆေးရန် ချိန်း ဆိုထားကြောင်းသိရသည်။


Ref: ပြည်မြန်မာ


>> ငွေစက္ကူအတုများနဲ့ ဖမ်းဆီးခံထားရတဲ့ ဒိုက်ဦးမြို့က မိန်းကလေးကို တိုင်းရင်းသားရေးရာဝန်ကြီးနဲ့အဖွဲ့ကူညီ


10 Jan 2019     1,291 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS