BEC-TERO TV

၁၀ မိနစ် တစ်ဂိုးနှုန်းနဲ့ သွင်းယူခဲ့ကြတဲ့ မန်စီးတီးအသင်းမှ ဂြိုလ်သားများ

10 Jan 2019     1,481 Views


မနေ့က ကာရာဘောင်း ဖလား ဆီမီးအဆင့်ပွဲစဉ်မှာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်းဟာ ဘာတန် အသင်းကို အိမ်ကွင်း မှာ ၉ - ၀ ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီး အသင်းအတွက် ဂိုးတွေကို ဂျီးဆက်စ် ၊ ဒီဘရိုင်း ၊ ဇင်ချန်ကို ၊ ဝေါ့လ်ကာ ၊ ဖိုဒန် ၊ မာရက်စ် တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ၄ ဂိုးအထိသွင်းယူပေးခဲ့တဲ့ ဂျီးဆက်စ် က ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ ဘာတန် နဲ့ ပွဲဟာ မန်စီးတီး အသင်းအတွက် ဂိုးအပြတ်ဆုံး ပွဲတစ်ပွဲဖြစ်ပါတယ်။


အကောင်းဆုံးကစားသမာဖြစ်ခဲ့တဲ့ ဂါဘီရယ် ဂျီးဆက်စ် “မန်စီးတီးအသင်းအတွက် ၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာ ဟာ ဒါပထမဆုံးပါ။ အဲ့အတွက် ဂုဏ်ယူမိပါတယ် ။ အသင်းသား အားလုံးလည်း အကောင်းဆုံးကစားနိုင်ခဲ့လို့ဂိုးတွေ ရရှိခဲ့တာပါလို့ “ လို့  ပြောပါတယ်။


မန်စီးတီးအသင်းဟာ နောက်ဆုံး ၁၅ ပွဲမှာ ၁၃ ပွဲထိအနိုင် ၊ ၂ ပွဲ သရေ နဲ့  သွင်းဂိုးပေါင်း ၅၀ အထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။


မန်စီးတီးအသင်းဟာ ကာရာဘောင်းဖလား ပြိုင်ပွဲမှာ ဖိုင်နယ်တတ်ဖို့အတွက် သေချာသလောက် ဖြစ်သွားပြီး ဒု-ကျောကို ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ဘာတန်အိမ်ကွင်းမှာ ထပ်မံကစားရမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဖိုင်နယ် သို့တတ်ရောက်ခဲ့ပါက ပရီးမီးယားလိဂ်ပြိုင်ဖက် စပါး ၊ ချလ်ဆီး တို့နှစ်သင်းတို့မှ တစ်သင်း နှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။


10 Jan 2019     1,481 Views




RELATED

Most Popular of Football

Most Popular of Sport