BEC-TERO TV

iPhone ဝယ်ဖို့ ကျောက်ကပ်ထုတ်ရောင်းခဲ့တဲ့လူငယ် တစ်သက်လုံး ဒုက္ခိတဖြစ်

10 Jan 2019     1,339 Views


အိုင်ဖုန်းလိုချင်လွန်းလို့ ကျောက်ကပ်တစ်လုံး ထုတ်ရောင်းခဲ့တဲ့ တရုပ်နိုင်ငံက အသက် ၁၇ နှစ်အရွယ် လူငယ်လေးအကြောင်း မှတ်မိကြလိမ့်ဦးမယ်ထင်ပါတယ်။ ဒီလူငယ်ဟာ ၈ နှစ်ခန့်အကြာ ဒီနှစ်ပိုင်းထဲမှာတော့ ကျောက်ကပ်ထဲက အညစ်အကြေးတွေကို မစွန့်နိုင်တော့တဲ့အတွက် ပိုက်တန်းလန်းနဲ့ ဆက်သွယ်ထားရပြီး ဆေးရုံပေါ်မှာ တစ်သက်လုံး ဒုက္ခိတအဖြစ် နေသွားရပါတော့မယ်။


“Xiao Wang” ဆိုတဲ့ လူငယ်ဟာ ၂၀၁၁ ခုနှစ်တုန်းက သူအသက် ၁၇ နှစ်အရွယ်မှာ အလွန်ခေတ်စားနေတဲ့ iPhone 4 ကို အရမ်းလိုချင်ခဲ့ပါတယ်။ ဆင်းရဲတဲ့ မိသားစုဖြစ်တာကြောင့် အိုင်ဖုန်းဝယ်ဖို့ ငွေကြေး မတတ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်မို့ ပွဲစားတစ်ဆင့်ခံကာ သူ့ရဲ့ကျောက်ကပ်တစ်ဘက်ကို ရောင်းဖို့ ချိပ်ဆက်ခဲ့ပါတယ်။

ကျောက်ကပ်တစ်ဘက် တရားမဝင်ရောင်းချရာမှ တရုပ်ယွန်ငွေ ၂၂,၀၀၀ (ကျပ် ၄၉ သိန်းကျော်) ရရှိခဲ့ပြီး ဒီငွေက အိုင်ဖုန်းဝယ်ဖို့မက များပြားတဲ့ ပမာဏဖြစ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ  ၈ နှစ်ကျော်ကြခဲ့ပြီး သူအသက် ၂၄ နှစ်အရွယ် အရောက်မှာတော့ သူ့ဘဝတစ်ခုလုံး ပေးဆပ်ရဖို့ ဖြစ်လာခဲ့ပါတယ်။


သူ့ရဲ့ကျောက်ကပ်ကို တရားမဝင်ဖွင့်ထားတဲ့ ချန်ကျိုးမြို့က ဆေးရုံတစ်ရုံမှာ ခွဲစိတ်ထုတ်ယူခဲ့ကြပါတယ်။ သူဟာ ကျောက်ကပ်တစ်ဖက်ထဲနဲ့လည်း သာမန်လူတွေကို ပုံမှန်အခြေအနေရှိနေမယ်လို့ ခွဲစိတ်မှုအပြီးမှာ ဆရာဝန်တွေက ပြောခဲ့ပါတယ်။ အဲဒီအချိန်က ခွဲစိတ်မှု အောင်မြင်ခဲ့တယ်လို့ ဆိုရပေမယ့် သိပ်မကြာခင်မှာတော့ သူ့ကို ခွဲစိတ်ခဲ့တဲ့ဆေးရုံဟာ တရားမဝင်ဆေးရုံဖြစ်တာကြောင့် လုံလောက်တဲ့ ပိုးသတ်မှု သန့်ရှင်းမှုတွေ မရှိတဲ့အတွက် ခွဲစိတ်ထားတဲ့ အနာမှာပိုးဝင်သွားပါတယ်။


သူဟာ ကျောက်ကပ်ရောင်းစားခဲ့တဲ့အကြောင်းကိုလည်း မိသားစုတွေမသိအောင် ဖုံးကွယ်ထားခဲ့တဲ့အတွက် ဝေဒနာခံစားရတဲ့အချိန်မှာ မပြောရဲပဲ ကြိတ်ခံစားခဲ့ပါတယ်။ ဒါပေမယ့် တစတစဆိုးရွားလာတဲ့ ကျန်းမာရေးအခြေအနေကြောင့် နောက်ဆုံးမှာ သူ့မိသားစုတွေ သိသွားခဲ့ပါတယ်။

သူ့ရဲ့မိဘတွေဟာ ကျောက်ကပ်ရောင်းဖို့ ဆက်သွယ်ပေးခဲ့တဲ့ ပွဲစားနဲ့ ခွဲစိတ်မှုပြုလုပ်ခဲ့တဲ့ ဆရာဝန်တို့ကို ထောက်လှမ်းပြီးနောက် တရားစွဲဆိုခဲ့ပါတယ်။ လျော်ကြေးအဖြစ် ယွမ် ၂.၂ သန်း (ကျပ်သိန်း ၅ ထောင်နီးပါး) ရရှိခဲ့ပြီး သားဖြစ်သူရဲ့ ဆေးကုသမှုစရိတ်မှာ အတော်များများ ပြန်သုံးကြရပါတယ်။

ဈေးကြီးတဲ့ ဆေးတွေတဲ့ ဆေးကုသမှုခံယူနေပေမယ့် သူ့ရဲ့တစ်ဖက်တည်းသော ကျောက်ကပ်အခြေအနေက ဆိုးရွားနေတာကြောင့် အသက်ရှင်ဖို့ဆိုရင် ကျောက်ကပ် ပိုက်တန်းလန်းနဲ့ တစ်သက်တာ ဒုက္ခိတလိုပဲ နေသွားရတော့မှာဖြစ်ကြောင်း ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။


10 Jan 2019     1,339 Views




RELATED

Most Popular of Special or Others

Most Popular of NEWS