BEC-TERO TV

တစ်ချိန်ကမိုက်ကယ်ဂျက်ဆင်ရဲ့အဓမ္မပြုကျင့်မှုကိုခံခဲ့ရတယ်ဆိုပြီးအမှန်အတိုင်းဝန်ခံသူ ထွက်ပေါ်လာ

10 Jan 2019     1,380 Views


ဟောလိဝုဒ်ရဲ့ တစ်ချိန်က ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်ကိုတော့ မသိသူမရှိလောက်ဘူးထင်ပါတယ်။ လူမျိုးရေး ခွဲခြားခြင်းမရှိ၊ အသားအရောင် ခွဲခြားမှု မရှိဘူးဆိုတဲ့ Black and White သီချင်းရဲ့ ပိုင်ရှင် မိုက်ကယ်ဂျက်ဆင်တစ်ယောက် သူ့ဘဝမှာ အကြီးမားဆုံးအမှားတစ်ခုကို ကျူးလွန်ခဲ့မိပါတယ်။


တစ်ချိန်က ဂျက်ဆင်ကိုယ်တိုင်ပါဝင်ရိုက်ကူးဖူးတဲ့ Leaving Neverland အမည်ရ Documentary တစ်ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကလေးသရုပ်ဆောင်နှစ်ယောက် ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်တာမျိုးတွေ ရှိခဲ့ပါတယ်။ Leving Neverland ကိုရိုက်ကူးနေစဉ်ကာလတုန်းက ထိုကလေး နှစ်ယောက်ဟာ အသက် ၇ နှစ်နဲ့ ၁၀ နှစ်အရွယ် ကိုယ်စီဖြစ်ကြပါတယ်။ယခုအချိန်မှာတော့ အသက် သုံးဆယ် ပတ်လည်ဝန်းကျင်လောက်ရှိနေကြပါပြီ။ ကလေးနှစ်ယောက်ရဲ့ နာမည်ကတော့ Wade Robson နဲ့ James Safechuck တို့ပဲဖြစ်ပါတယ်။

 

ဂျက်ဆင်မသေဆုံးမီ အချိန်ကတည်းက ဒီကိစ္စနဲ့ပတ်သတ်ပြီးအဆိုပါ ကလေးနှစ်ယောက်ရဲ့ မိဘတွေက တရားစွဲဆိုခဲ့ပေမယ့် ဂျက်ဆင်က မိဘတွေကို လျော်ကြေးအနေနဲ့ ဒေါ်လာ သန်းချီပုံပေးလိုက်တာကြောင့် Wade နဲ့ James တို့ဟာ မိုက်ကယ် ဂျက်ဆင်က ၎င်းတို့နှစ်ဦးအား ဘာမှမလုပ်ခဲ့ကြောင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုမျိုးလဲမပြုခဲ့ကြောင်း လိမ်ညာထွက်ဆိုခဲ့ကြရပါတယ်။


Wade တစ်ယောက်ကတော့ အခုလက်ရှိမှာ အကသင်ဆရာတစ်ယောက်အနေနဲ့ ရပ်တည်နေပြီး James ကတော့ ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ 2017 ဒီဇင်ဘာမှာ Wade တစ်ယောက် MJJ Production နဲ့ MJJ Ventures ကို ကလေးသူငယ် လိင်ပိုင်းဆိုင်ရာထိပါစော်ကားခြင်းကို အားပေးမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ MJJ Production ဟာ အနုပညာစီးပွားရေးလောကမှာ တစ်ချိန်ကလေးသူငယ်တွေအပေါ်ပြုခဲ့တဲ့အမှားမျိုး နောက်တစ်ကြိမ်ဖြစ်ပေါ်လာအောင် လုပ်နေတယ်လို့ ပုဒ်မတပ်ပြီး တရားစွဲခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ Wade ဟာ သူအသက် (၇) နှစ်အရွယ်တုန်းကလဲ ဒီလို လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရတာကြောင့် ဒီလိုကိစ္စကို တားဆီးမှရမယ်လို့ ဝန်ခံခဲ့ပါတယ်။


ထိုအချိန်တုန်းက Jame နဲ့ Wade တို့ရဲ့ မိဘတွေဟာငွေမျက်နှာ မွှန်ထူနေတာကြောင့် ဂျက်ဆင်ကို တရားစွဲဆိုခြင်းမရှိပဲ အမှုကိုပိတ်ပစ်ခဲ့တာပါ။ Wade ဟာငယ်ငယ်တည်းက သတင်းမီဒီယာတွေက လာမေးတဲ့အင်တာဗျူးတွေမှာ မိုက်ကယ်ဂျက်ဆင်က သူ့ကိုဘာမှမလုပ်ခဲ့ပါဘူးလို့ပဲ ရင်နာနာနဲ့ဖြေခဲ့ရပါတယ်။


အားလုံးချစ်တဲ့ တစ်ကမ္ဘာလုံးက ချစ်မြတ်နိုးရတဲ့ ပေါ့ပ်စတားတစ်ယောက်ဟာ ဒီလို လုပ်ရက်မျိုးကို ကျူးလွန်ခဲ့တယ်ဆိုတာနားနဲ့ ဆတ်ဆတ်ကြားတယ်ဆိုရင်တောင် မယုံကြည်နိုင်စရာပါပဲ။


10 Jan 2019     1,380 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS