BEC-TERO TV

အသက်(၁)နှစ်ပြည့်သွားပြီဖြစ်တဲ့ Rဇာနည်ရဲ့ သားငယ်လေး ချစ်ချစ်တုန်

10 Jan 2019     1,308 Views


အဆိုတော် R ဇာနည်ကတော့ အပြင်းစားရော့ခ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုတတ်သလို ဆွေးမြေ့တဲ့သီချင်းတွေကိုလဲ ရင်ဘတ်ထဲရောက်အောင် ထိုးဖောက်သီဆိုနိုင်တဲ့ အဆိုရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့သီချင်းတိုင်းကလဲ လူကြိုက်များအောင်မြင်ကျော်ကြားခဲ့ပါတယ်။ အဆိုတော်လောကမှာ ခိုင်မာတဲ့ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကိုရရှိထားသူဖြစ်ပြီး သာယာတဲ့မိသားစုဘ၀လေးကိုပါ ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

သားနှစ်ယောက်ရဲ့ ဖခင်ဖြစ်တဲ့ Rဇာနည်ကတော့ အဖေကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူဖြစ်သလို ရှေ့ဆောင်လမ်းပြကောင်းဖြစ်အောင် ရပ်တည်နေထိုင်နေသူလည်းဖြစ်ပါတယ်။ ဒီကနေ့ ဇန်န်ဝါရီလ (၁၀) ရက်နေ့ကတော့ သားငယ်လေး ချစ်ချစ်တုန်ရဲ့ (၁) နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ သားငယ်လေးရဲ့မွေးနေ့ကိုတော့ ရန်ကုန် Novotel Hotel မှာ တရားအလှူပွဲပြုလုပ်ပေးရင်း သားလေးရဲ့မွေးနေကို မိသားစုလိုက်ပျော်ရွှင်စွာဖြတ်သန်းခဲ့ပါတယ်။

သားငယ်လေးချစ်ချစ်တုန်ကတော့ အသည်းယားစဖွယ်ချစ်စရာကောင်းလွန်းတာကြောင့် အနုပညာအသိုင်းအ၀ိုင်းကသာမက ပရိသတ်တွေကပါ သဲသဲလှုပ်ချစ်ကြရတဲ့ ကလေးလေးပဲဖြစ်ပါတယ်။ အရွယ်ငယ်သေးပေမယ့် ကင်မရာရှေ့ရောက်ရင် အမြဲမပြုံးမပြတ်ဖြစ်နေတဲ့ သားငယ်လေး ချစ်ချစ်တုန်ရဲ့ ချစ်စဖွယ်ပုံရိပ်တွေကိုမျှဝေပေးလိုက်ပါတယ်။

 

Photo _ MC


10 Jan 2019     1,308 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment