BEC-TERO TV

မျက်စိအားကောင်းဖို့ စားသုံးသင့်တဲ့ အစားအစာ(၅) မျိုး

10 Jan 2019     1,961 Views


၁။ ဟင်းနုနွယ်ရွက်

ဟင်းနုနွယ်ရွက်ဟာ မျက်လုံးဟာ အလင်းရောင်စူးစူးတွေနဲ့ ထိတွေ့ရတဲ့အခါ မျက်ကြည်လွှာကို ခံနိုင်ရည်ရှိအောင် ကာကွယ်ပေးပါတယ်။
 
၂။ အနီရောင်ရှိတဲ့ ငရုတ်သီးတောင့်

 

အနီရောင်ရှိတဲ့ ငရုတ်သီးတောင့် တွေဟာ ဗီတာမင်စီဓာတ်အပြည့်ဝဆုံးလို့ပြောရင် မိတ်ဆွေတော့ ယုံမလားမသိပါဘူး။ ငရုတ်သီးတွေဟာရေဓာတ်အပြည့်ဝဆုံးပါ။ ငရုတ်သီးမှာ ပါဝင်တဲ့ရေဓာတ်ဟာ မျက်ရည်ဂလင်းမှာရှိတဲ့ ရေဓာတ်ကိုဖြည့်ပေးဖို့ အထောက်အကူပြုပါတယ်။ ဒါကြောင့် ငရုတ်သီးစပ်ရင် မျက်ရည်ကျတတ်တာဖြစ်ပါတယ်။
 
၃။ အာလ်မွန်စေ့

 

အာလ်မွန်စေ့မှာ ပါဝင်တဲ့ အိုမီဂါ ၃ ဟာ မျက်ကြည်လွှာကိုအားဖြည့်ပေးတဲ့အတွက် အာလ်မွန်စေ့ကိုစားသုံးသင့်ပါတယ်။ ဒါ့အပြင် အာလ်မွန်စေ့မှာ ပြည့်ဝတဲ့ အမျှင်ဓာတ်နဲ့ ကာဘိုဟိုက်ဒရိတ်တွေပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက်လဲကောင်းမွန်တာကြောင့် နေ့စဉ်စားသုံးပေးသင့်ပါတယ်။
 
၄။ ငါး

ဗီတာမင် A,C,E ပါဝင်တဲ့ အကောင်သေးတဲ့ ငါးတွေကိုစားသုံးခြင်းဟာ မျက်စိအမြင်အာရုံကို ပိုမိုကောင်းမွန်စေပြီး အဝေးမှာရှိတဲ့သေးငယ်တဲ့ အရာများကိုတောင် ကြည်လင်ပြတ်သားစွာမြင်နိုင်ဖို့ အထောက်အပ့ံပေးပါတယ်။
 
၅။ ကြက်ဥပြုတ်ပူပူလေး

 

ကြက်ဥပြုတ်မှာပါဝင်တဲ့ ဗီတာမင် B12 ဟာမျက်စိအမြင်အာရုံအားကောင်းမွန်စေအောင် အထောက်အကူပြုပါတယ်။ ဒါကြောင့် အမြင်အာရုံကောင်းချင်ရင်ကြက်ဥပြုတ်ပူပူလေးကို နေ့စဉ်စားသုံးလို့ရပါတယ်။

 

(ပိုပိုလေး)


10 Jan 2019     1,961 Views




RELATED

Most Popular of Health Fix

Most Popular of Life Style