BEC-TERO TV

တည်ငြိမ်ရင့်ကျက်မှုအပေါင်း သရဖူဆောင်းထားတဲ့ အနုပညာရှင်များ

10 Jan 2019     1,411 Views


အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ဆိုတ သရုပ်ဆောင်ကောင်းရုံသာမက ချောမောလှပမှုလဲရှိရမည်မဟုတ်ပါလား။ မြန်မာနိုင်ငံရဲ့ အနုပညာရှင်တွေထဲမှာလည်း ချောမောလှပသူ၊ ချစ်စရာကောင်းသူ၊ ဆွဲဆောင်မှုရှိသူတွေရှိသလို မြင်သူတကာရင်ထဲမှာ အေးချမ်းအောင် တည်ငြိမ်မှုတွေနဲ့လှနေသူတွေလဲရှိပါတယ်။ ထိုထဲကမှ တည်ငြိမ်ရင့်ကျက်မှုအပေါင်းကို သရဖူဆောင်းထားနိုင်တဲ့ မင်းသမီးတွေကို ဖော်ပြပေးလိုက်ပါတယ်။

စိုးမြတ်သူဇာ

မကြီးစိုးလို့ အားလုံးကသိကြတဲ့ သရုပ်ဆောင်မင်းသမီးကြီး စိုးမြတ်သူဇာကတော့ နှစ်ပေါင်းများစွာတိုင်အောင် အနုပညာလောကမှာ အောင်မြင်ကျော်ကြားနေသူဖြစ်ပြီး ယနေ့ထက်တိုင် ရုပ်ရှင်တွေကို အဆက်မပြတ်ရိုက်ကူးနေဆဲဖြစ်ပါတယ်။ နဂိုတည်းက တည်ငြိမ်အေးဆေးသူဖြစ်ပြီး အသက်အရွယ်ရဲ့ရင့်ကျက်မှုတွေပါပေါင်းစည်းကာ အမြင်အေးအောင် နုပျိုလှပနေဆဲသူပဲဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်

ကလေးလေးမဟုတ်တော့ပေမယ့်လည်း ယနေ့ထိတိုင် အူဝဲလို့ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးအိန္ဓြာကျော်ဇင်ကလည်း အနုပညာနယ်ပယ်မှာ အောင်မြင်မှုအသီးအပွင့်တွေကို အချိန်အတော်ကြာအောင် စားသုံးနေသူဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားပြီး တစ်နေ့ထက်တစ်နေ့ ပိုမိုရင့်ကျက်ကာ တည်ငြိမ်လှပလာသူပဲဖြစ်ပါတယ်။ အသက်ကြီးလာလေ ပိုလှလာလေလို့ပဲ ဆိုရမလိုပင်။

မိုးဟေကို

မမမိုးကတော့ မဟာဆန်တဲ့အလှကို ပိုင်ဆိုင်ထားကာ ပုရိဿရဲ့အသည်းတစ်ခုလုံးကို သိမ်းပိုက်ထားသူဖြစ်ရုံသာမက မိန်းကလေးထုကြီးကိုပါ ကြွေကျအောင်ဖမ်းစားထားနိုင်သူဖြစ်ပါတယ်။ သူမရဲ့အမေကျန်းမာရေးကြောင့် အနုပညာပိုင်းကိုခေတ္တနားထားပေမယ့်လည်း သူမအနောက်မှာအခိုင်အမာရပ်တည်နေတဲ့ ပရိသတ်တွေကတော့ ထုထည်ကြီးမားတုန်းပါပဲ။

မယ်လိုဒီ

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့မယ်လိုဒီကတော့ နဂိုအရင်းခံကိုကလှပသူတစ်ယောက်ဖြစ်ပြီး ခေးမေးဖြစ်ပြီးနောက်ပိုင်းမှာတော့ ကြွေကျချင်စရာကောင်းလောက်အောင် တစ်သွားမွေးတစ်သွေးလှနေသူဖြစ်ပါတယ်။ တည်ငြိမ်ရင့်ကျက်မှုတွေလွှမ်းခြုံထားတဲ့ သူမရဲ့အလှကလည်း မြင်သူတကာကို အေးချမ်းသွားစေပါတယ်။

အေးမြတ်သူ

မမြတ်လေးကတော့ ငယ်ရွယ်စဉ်မှာ အနည်းငယ်ဟော့ရမ်းမှုတွေရှိခဲ့ပေမယ့် အသက်အရွယ်ရလာချိန်မှာတော့ အချစ်ကြောင့်လို့ပဲဆိုရလေမလား တည်ငြိမ်ရင့်ကျက်လာသူဖြစ်ပါတယ်။ အဆီပိုမရှိ လှပသေးသွယ်တဲ့ ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားကာ မြန်မာဝတ်စုံလေးတွေဝတ်လိုက်တိုင်း သွားရေကျလောက်အောင် အမြင်အေးပြီး တည်ငြိမ်လှပလွန်းသူဖြစ်ပါတယ်။

 


10 Jan 2019     1,411 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment