BEC-TERO TV

Star Award ရွေးချယ်မည့် မြန်မာရုပ်ရှင် စကာတင်ဇာတ်ကားစာရင်း ထွက်ရှိ

11 Jan 2019     1,338 Views


မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲကြီးက နီးလာပြီဖြစ်လို့ မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားနေချိန်မှာ မြန်မာနိုင်ငံသတင်းစာဆရာများအသင်းမှ ချီးမြှင့်မည့် Star Award အတွက် စကာတင် မြန်မာရုပ်ရှင် ဇာတ်ကား (၂၁)ကား ထွက်ရှိလာပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နှစ်စဉ်ကြီးမှူးကျင်းပသည့် အကယ်ဒမီပေးပွဲအခမ်းအနားကို လာမည့် မတ်လ ၂၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး သတင်းစာဆရာများအသင်းမှ ပြုလုပ်မည့် Star Award ချီးမြှင့်ပွဲကိုတော့ ဧပြီလ ၅ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။


၂၀၁၈ ခုနှစ် ရုံတင်ဇာတ်ကား ၈၃ ကားထဲမှ စကာတင်ဇတ်ကား ၂၁ ကားကို ရွေးချယ်ခဲ့ပြီးနောက် ထိုဇာတ်ကားများထဲမှ Star Award ထူးချွန်ဆု ၁၈ ဆု ထပ်မံရွေးချယ်ပေးအပ်သွားမည်ဖြစ်သည်။ စကာတင် ရုပ်ရှင်ဇာတ်ကား ၂၁ ကားမှာ -

၁။ မုဒြာရဲ့ခေါ်သံ

၂။ ဇာတိမြေ

၃။ ဥပါဒါန်

၎။ ငယ်ကျွန်

၅။ မိုးပန်းပွင့်ရဲ့သင်္ကေတ

၆။ တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ

၇။ ဝိဉာည်စိမ်း

၈။ အထူးတပ်ဖွဲ့ ၉

၉။ ချူဆီ

၁၀။ ရည်းစားတစ်ဝမ်းကွဲ

၁၁။ နောင်တွင်ဥဒါန်းတွင်စေသတည်း

၁၂။ တစ်ခုလပ်

၁၃။ အနမ်းဝိုင်

၁၄။ ရန်သူ

၁၅။ လရောင်ဖြာတဲ့အင်းလေးမှာ

၁၆။ မီ

၁၇။ ကြတ်ဂူ

၁၈။ ကိုယ်စောင့်နတ်

၁၉။ ရာဇဝင်ရိုင်းခဲ့သည်

၂၀။ ရိုက်စား

၂၁။ ဥပါယ်တံမျဉ်

တို့ ဖြစ်ကြောင်း သိရှိရသည်။


11 Jan 2019     1,338 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS