BEC-TERO TV

ညီမလေးကို ကိုယ့်အသက်ထက်ပိုချစ်တဲ့ ကောင်လေး (ရုပ်သံ)

11 Jan 2019     1,574 Views


အိန္ဒိယနိုင်ငံက အသက် ၈ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ သစ်ပင်ပေါ်က ပြုတ်ကျပြီး သူ့ရဲ့ရင်ဘတ်ကနေ နောက်ကျောကို ထုတ်ချင်းပေါက် သစ်ကိုင်းစိုက်ဝင်ခဲ့ကာ သေအံ့မူးမူးဖြစ်နေချိန်မှာတောင် အသက် ၆ နှစ်အရွယ် ညီမလေးကို အန္တရာယ်မရှိအောင် အိမ်အရောက်လိုက်ပို့ပေးခဲ့ပါတယ်။


ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က “ဆူရတ်ဆခရန်” ဆိုတဲ့ အသက် ၈ နှစ်အရွယ် ကောင်လေးဟာ ညီမလေးဖြစ်သူက ဆီးသီးစာချင်တယ်လို့ ပူဆာတဲ့အတွက် ညီမလေးနဲ့အတူ တောထဲကို ဆီးသီးရှာထွက်ခဲ့ပါတယ်။ ဆီးပင်ပေါ်တက်ကာ ဆီးသီးခူးနေစဉ် ခြေချော်ကျရာမှ ဆီးပင်ကိုင်း တစ်ခုပေါ် ပြုတ်ကျပြီး သစ်ကိုင်းဟာ သူ့ရဲ့ ရင်ဘတ်ကနေ နောက်ကျော်ပါက်အောင် ထုတ်ချင်းပေါက် စိုက်ဝင်ပြီး မြေကြီးပေါ် လဲကျခဲ့ပါတယ်။


သူဟာ သစ်ကိုင်းစိုက်ဝင်ထက် ဝေဒနာထက် သူ့ရဲ့ညီမလေး တောထဲမှာ လမ်းပျောက်သွားမှာကို ပိုပြီးစိုးရိမ်နေပါတယ်။ ဒါကြောင့် သူမူးမေ့လဲမကျမီမှာ ညီမဖြစ်သူရဲ့ လက်ကိုဆွဲပြီး မိတာ ၁၀၀ ရောက်ဝေးတဲ့ အိမ်ကို အရောက်လိုက်ပို့ခဲ့ပါတယ်။ အိပ်ရှေ့အရောက်မှာတော့ လုံးဝသတိလစ်မေ့မျော လဲကျသွားခဲ့ပါတယ်။


၅၂ စင်တိမီတာရှည်လျားတဲ့ သစ်ကိုင်း ထုတ်ချင်းပေါက်စိုက်ဝင်ပြီး နံရိုးအချို့ကျိုးခဲ့သလို အဆုပ်မှာလည်း ဒဏ်ရာရသွားခဲ့ပါတယ်။ ဥ့ကောင်းတာကတော့ သစ်ကိုင်းဟာ သူ့ရဲ့နှလုံးနဲ့ မီလီမီတာ နဲနဲလေးသာ လွဲချော်သွားတာကြောင့် အသက်မဆုံးရှုံးခဲ့တာလို့ ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။


အခုဆိုရင် ခွဲစိတ်မှုပြုလုပ်ပြီး သစ်ကိုင်းကိုလည်း နှုတ်ယူဖယ်ရှားနိုင်ခဲ့တာကြောင့် မကြာခင်ပြန်လည် ကျန်းမာတော့မည်ဟု ခွဲစိတ်ဆရာဝန် “ဒေါက်တာ ရှာရှီ ရှန်ကာ ရှာမာ” က ပြောကြားခဲ့ပါတယ်။ အခုလို ဒဏ်ရာပြင်းထန်တာတောင် ညီမဖြစ်သူကို အိမ်အရောက်ပြန်လိုက်ပို့နိုင်ခဲ့တဲ့ အစ်ကိုတစ်ယောက်ရဲ့ စိတ်ထားအပေါ်လည်း ချီးကျူးနေကြပါတယ်။


11 Jan 2019     1,574 Views




RELATED

Most Popular of Special or Others

Most Popular of NEWS