BEC-TERO TV

သင်မသိသေးတဲ့မူလန်နေရာက ပါဝင်သရုပ်ဆောင်မယ့် လျူ့ရီဖေးရဲ့ ထူးခြားချက်(၃) ချက်

11 Jan 2019     1,843 Views


မြန်မာနိုင်ငံမှာ သိမ်းငှက်သူရဲကောင်းတရုတ်သိုင်းကားထဲက မင်းသမီးလေး ‘ဂူဂူး’ ကိုတော့ ပရိတ်သတ်ကြီးမှတ်မိမယ်ထင်ပါတယ်။ သူမရဲ့နာမည်အရင်းကတော့ လျူ့ရီဖေးပါ။ ရီဖေးဟာ Walt Disney ကလူနဲ့ ပြန်လည်ရိုက်ကူးမယ့် Mulan ရုပ်ရှင်ဇာတ်ကားမှာ Mulan နေရာကပါဝင်သရုပ်ဆောင်ဖို့ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ရဲရင့်ထက်မြက်ပြီး စစ်ပွဲတွေမှာယောင်္ကျားတွေနဲ့အတူရင်ဘောင်တန်းနိုင်တဲ့ Mulan နေရာမှာပါဝင်သရုပ်ဆောင်မယ့် ပရိတ်သတ်သိသင့်တဲ့ ရီဖေးရဲ့အကြောင်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။


၁။ ငယ်စဉ်ကတည်းက Single Mother မိခင်နဲ့ကြီးပြင်းလာခဲ့တာဖြစ်ပါတယ်

လျူ့ရီဖေးဟာ အသက် ၁၀ နှစ်အရွယ်ကတည်းက single mother မိခင်နဲ့ တရုတ်ပြည်ကနေ အမေရိကန်နယူးယောက်မြို့ကို ပြောင်းရွေ့နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ နယူးယောက်မှာရှိတဲ့ Borough of Queens မှာနေထိုင်ခဲ့ပြီး အလယ်တန်းကျောင်းကိုလဲ အဲ့မှာပဲတက်ခဲ့တာဖြစ်ပါတယ်။ အသက် ၁၅ နှစ်မှာ ရီဖေးဟာ  Performance Institute of Beijing Film Academy မှာ သိုင်းပညာနဲ့ သရုပ်ဆောင်ပညာကိုသင်ဖို့ ဝင်ခွင့်ရခဲ့ပါတယ်။ ဂျက်ကီချန်းနဲ့ ဂျက်လီ ပါဝင်သရုပ်ဆောင်ထားတဲ့ Forbidden Kingdom ရုပ်ရှင်ဇာတ်ကားမှာပါဝင်ခွင့် ကိုထိုကျောင်းမှာတက်နေရင်းကရရှိခဲ့တာဖြစ်ပါတယ်။

၂။ ပြည်ပ မိတ်ဆွေပေါမျာခြင်း

ရီဖေးရဲ့ အဖေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ဝူဟန်တက္ကသိုလ်မှာပြင်သစ် ဘာသာကိုသင်ကြားတဲ့ ပရော်ဖက်ဆာတစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ သူမအဖေဟာ ပရော်ဖက်ဆာ တစ်ယောက်မဖြစ်ခင် ပြင်သစ်နိုင်ငံ၊ပဲရစ်မြို့မှာတည်ရှိတဲ့ တရုတ်သံရုံးမှာ အချိန်ပိုင်းလုပ်ခဲ့ဖူးပါတယ်တဲ့။ လက်ရှိမှာတော့ ပဲရစ်မြို့မှာ ကွန်ဖြူးရှပ် လူမှုရေးဘာသာဗေဒဆိုင်ရာ မဟာဌာနမှူးအဖြစ်လုပ်ကိုင်လျက်ရှိပါတယ်။ ရီဖေးရဲ့ အမေဟာလဲ နာမည်ကြီးပရော်ဖက်ရှင်နယ် အကမယ်တစ်ဦးဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက အဖေနဲ့အမေ ကွဲကွာပြီး နိုင်ငံရပ်ခြားဒေသတွေမှာလိုက်လံ နေထိုင်ရတာကြောင့် ပြည်ပမိတ်ဆွေတွေပေါများပါတယ်။ ရီဖေး တစ်ယောက် Disney ကရိုက်ကူးမယ့် Mulan ဇာတ်ရုပ်မှာ ပါဝင်ဖို့ရွေးချယ်ခံရတဲ့အဓိကအကြောင်းအရင်းကလဲ အင်္ဂလိပ်စကားကိုကျွမ်းကျင်စွာ ပြောနိုင်လို့ပဲဖြစ်ပါတယ်။

၃။ ကြောင်တွေကို ချစ်တတ်တယ်

လက်ရှိမှာ ရီဖေးက ၂၀၂၀ မှာရုံတင်ပြသမယ့် Mulan ရုပ်ရှင်ဇာတ်ကားကြီးအတွက် ရိုက်ကူးရေးဆင်းနေရချိန်ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးရေးတွေနဲ့ အလုပ်ရှုပ်နေတတ်တဲ့ သူမဟာ အားလပ်တဲ့အချိန်မှာကြောင်တွေနဲ့ သာအချိန်ကုန်လေ့ရှိပါတယ်တဲ့။ ရီဖေးတစ်ယောက် Mulan ရိုက်ကူရေးအတွက် Xinjiang ဒေသကိုရောက်ရှိနေတဲ့အခါမှာ ကြောင်တွေအများကြီးရှိတဲ့အိမ်ကို သွားလည်ပြီး ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ ဒီပုံက ကြောင်တွေအများကြီးနဲ့ ရိုက်ထားတဲ့ပုံကို သူမဆိုရှယ်မီဒီယာ အကောင့်မှာတင်ခဲ့တာပါ။


11 Jan 2019     1,843 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS