BEC-TERO TV

ကလေးကြီးထွားအောင် ဖြည့်စွက်စာတွေ ကျွေးမိရာမှ ကျောက်ကပ်မှာကျောက်တည်

14 Jan 2019     1,376 Views


အသက် ၂၂ လအရွယ်သာရှိသေးတဲ့ သမီးငယ်လေး ဆီးသွားတဲ့အခါ သွေးစလေးတွေပါလာတာကြောင့် မိခင်ဖြစ်သူက အထိတ်တလန့်ဖြစ်ကာ ဆေးရုံမှာ အရေးပေါ် စစ်ဆေးခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့အခါမှာတော့ ကလေးရဲ့ ကျောက်ကပ် တစ်ဖက်စီမှာ ကျောက်(၉)လုံး တည်နေတာကို မယုံကည်နိုင်လောက်အောင် တွေ့ခဲ့ကြပြီး ထိန့်လန့်ခဲ့ကြပါတယ်။ အကြီးဆုံးကျောက်ရဲ့ အရွယ်အစားဟာ ၂ စင်တီမီတာ ရှိတယ်လို့ ဆိုပါတယ်။
 
 
တရုပ်နိုင်ငံ ဂွမ်ကျိုးမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ ဖြစ်ပျက်ခဲ့တဲ့ ပူပူနွေးနွေး ဖြစ်စဉ်ဖြစ်ပါတယ်။ ကလေးရဲ့ ကျောက်ကပ်ထဲက ကျောက်တစ်ချို့ဟာ ကျောက်ကပ်ရဲ့ အပေါ်ပိုင်းနဲ့အောက်ပိုင်း ခြားထားတဲ့နေရာကို ပိတ်ဆို့နေပြီး ကျောက်တွေဟာ ကျောက်ကပ်ထဲမှာ နစ်ဝင်နေပါတယ်။ ဒါ့အပြင် ကျောက်ကပ်အလုပ်လုပ်တဲ့ ပုံစံဟာ မူမမှန်တာတွေ စတင်တွေ့နေရပြီလို့ဆိုပါတယ်။
 
ကလေးရဲ့အသက်အရွယ်အရ အခုလို ကျောက်တည်ရတာ ဘာကြောင့်လဲဆိုတာ ကလေးရဲ့မိခင် ကျွေးမွေးပြုစုတဲ့ပုံစံကို အသေးစိတ် မပြောပြခင်ထိ ဆရာဝန်တွေ စဉ်းစားလို့ မရခဲ့ပါဘူး။ ကလေးဟာ လမစေ့ပဲ မွေးဖွားခဲ့တာကြောင့် အခြားကလေးတွေထက်စာရင် ခန္ဓာကိုယ်သေးကွေးနေတဲ့အတွက် ကြီးလာတဲ့အခါ ဖွံ့ဖြိုးမှု အားနည်းမှာကို မိခင်ဖြစ်သူက ပူပန်ခဲ့ပါတယ်။
ဒါကြောင့် ကလေးကိုတိုက်မယ့် နို့ဗူးထဲမှာ ကယ်စီယမ်ဆေးပြားတွေကို အမှုန့်ကြိတ် ရောစပ်ပြီးမှတိုက်ခဲ့တာဖြစ်ပါတယ်။ ကလေး ၁၀ ရက်သားလောက်ကတည်းက ဒီလိုပုံစံနဲ့ နို့တိုက်ခဲ့တယ်လို့ ဆိုပါတယ်။
 
 
ကလေးဟာ ၁၀ လသမီးအရွယ်ရောက်လာပေမယ့် သွားတွေလည်း ပေါက်မလာသေးတဲ့အတွက် မိခင်က ထပ်မံစိတ်ပူမိပြန်ပါတယ်။ ဒါဟာ ကယ်လ်စီယမ် ချို့တဲ့လို့ဖြစ်မယ်လို့ ယူဆပြီး ကယ်လ်စီယမ်ပါဝင်တဲ့ ဖြည့်စွက်စာ၊ ငါးကြီးဆီတွေကို ဆေးဆိုင်ကနေဝယ်ပြီး ထပ်မံတိုက်ကျွေးခဲ့ပါတယ်။
 
ဒီလိုမှားယွင်းတဲ့ လုပ်ရပ်တွေကြောင့် နောက်ဆုံး ကလေးဟာ အသက်အရွယ်နဲ့ မလိုက်အောင် ကျောက်ကပ်မှာ ကျောက်တွေတည်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ကျောက်တွေကို ဆရာဝန်တွေက ခွဲစိပ်ဖယ်ရှားပေးခဲ့ပြီး ပြန်လည်ကျန်းမာလာပြီလို့ သိရပါတယ်။
 
ဒီဖြစ်စဉ်ကြောင့် အသက် ၆ လအောက် ကလေးငယ်တွေကို မိခင်နို့ရည်ကလွဲပြီး အခြားမည်သည့်ဖြည့်စွက်စာမှ မကျွေးကြဖို့ ကလေးမိခင်တွေကို ဆရာဝန်တွေက ထပ်မံတိုက်တွန်း သတိပေးထားကြပါတယ်။
မေမေတို့တစ်တွေလည်း ကလေးအတွက် မိခင်နို့ရည်ကသာ အန္တရာယ်ကင်းတဲ့ အကောင်းဆုံး အဟာရဖြစ်တယ်ဆိုတာ သတိရှိကြစေလိုပါတယ်။
 

14 Jan 2019     1,376 Views




RELATED

Most Popular of Special or Others

Most Popular of NEWS