BEC-TERO TV

ကုန်တင်စစ်လေယာဉ်တစ်စီး လူနေအိမ်များပေါ်ပျက်ကျ ပေါက်ကွဲ ၁၅ ဦးသေဆုံး(ရုပ်သံ)

15 Jan 2019     1,327 Views


အိရန်စစ်တပ်မှ ကုန်တင်လေယာဉ်တစ်စီး လူနေအိမ်တစ်လုံးပေါ်သို့ ပျက်ကျခဲ့ပြီး မီးလောင်ပေါက်ကွဲမှုကြောင့် လူ ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
 
 
ဘိုးရင်း 707 အမျိုးအစား လေယာဉ်ဟာ ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ပြီး  လေယာဉ်ပေါ်ပါ လေယာဉ်အင်ဂျင်နီယာတစ်ဦးသာ ကံကောင်းထောက်မပြီး အသက်ရှင်ကျန်ခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များဟာ လေယာဉ်ပျက်ကျရာနေရာသို့ အမြန်ဆုံးရောက်ရှိခဲ့ပြီး အပျက်အဆီးများကြားမှ အသက်ရှင်ကျန်ခဲ့သူများအား ကယ်ဆယ်ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။
 
 
လေယာဉ်ပေါ်တွင် လူ ၁၆ ဦးလိုက်ပါလာပြီး ‘ဖက်သ်’ လေဆိပ်အနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ အစောပိုင်းတွင် လေယာဉ်ပေါ်ပါသူများအားလုံး သေဆုံးပြီဟု မှတ်ယူခဲ့ကြသော်လည်း အင်ဂျင်နီယာတစ်ဦး အသက်ရှင်ကျန်ခဲ့ကြောင်း တွေ့ရှိခဲ့ကြသည်။ 
လေယာဉ်ပျက်ကျခဲ့သော နေရာရှိ လူနေအိမ်အချို့ပျက်ဆီးသွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူမရှိသေးကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
 
 
 
စစ်တပ်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ ဘိုးရင်း 707 ကုန်တင်လေယာဉ်ဟာ အသားတွေကို တင်ဆောင်လာပြီး ‘ဖာ့သ်’ လေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ဝမ်းဗိုက်နဲ့ ပြေးလမ်းပွတ်တိုက်ကာ ပြေးလမ်းကျော်ထွက်ပြီး လူနေအိမ်များကို ဝင်တိုက်ကာ မီးလောင်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြခဲ့သည်။ အစောပိုင်းတွင် လေယာဉ်ပေါ်ပါသူ ၉ ဦးကနေ ၁၀ ဦးသာရှိမည်ဟု ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ၁၆ ဦး ရှိကြောင်း ပြန်လည်ပြင်ဆင်ပြောကြားခဲ့သည်။

15 Jan 2019     1,327 Views




RELATED

Most Popular of International News

Most Popular of NEWS