BEC-TERO TV

ဒိုင်လူကြီးတွေရဲ့ မညီမျှမှုလို့ ပြင်းထန်စွာ ဝေဖန်ခဲ့တဲ့ လီဗာပူးလ် ပရိတ်သတ်များ

15 Jan 2019     1,256 Views


မနေ့က နောက်ကျပွဲစဉ်ဖြစ်တဲ့ မန်စီးတီးကို ၃-၀ ဖြင့်ရှုံးနိမ့်တဲ့ ပွဲစဉ်မှာ ဝုလ်နောက်ခံလူ ဘိုလီ တိုက်ရိုက်အနီကဒ် နဲပြသခံရပြီးနောက် လီဗာပူးလ် ပရိတ်သတ်တွေက ဒိုင်လူကြီးတွေရဲ့ မတူညီတဲံ ဆုံးဖြတ်ချက်တွေကို ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။ ဘိုလီဟာ ပွဲချိန် ၁၉မိနစ်မှာ မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကို ကြမ်းတမ်းစွာကစားခဲ့လို့ ကွင်းလယ်ဒိုင် ခရစ္စပေါလ်ဆင်က တိုက်ရိုက်အနီကတ်ပြသခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်ကခု လီဗာပူးပရိသတ်တွေကတော့ ယခုလအစောပိုင်းက အီတီးဟတ်မှာပဲ လီဗာပူးကို ၂-၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ မန်စီးတီးအသင်းခေါင်းဆောင် ဗင်းဆင့်ကွန်ပနီက ဂိုးမရှိသရေကျနေချိန် လီဗာပူးတိုက်စစ်မှူး ဆာလာကို ဘိုလီရဲ့ပုံစံနီးပါးအတိုင်း ရှေ့ကနေ ခြေစုံပစ်ဖျက်ထုတ်ခဲ့တာနဲနှိုင်းယှဉ်ပြီး ကွန်ပနီဟာ ဘိုလီလိုပဲ ဆာလာကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့ပေမယ့် အ၀ါကတ်သာပြသခံခဲ့ရတာဖြစ်ပါတယ်။

ဒါကို လီဗာပူးလ် ပရိတ်သတ်တွေက အ၀ါကတ်နဲ့အနီကတ်ဖြစ်သွားရတာလဲ။ အားကစားနည်းမတူလို့ဖြစ်မယ်ထင်တယ်”လို့ ရေးသားခဲ့ပြီး ဒိုင်လူကြီးတွေနဲ့ မညီမျှမှု ကိုဝေဖန်ခဲ့ပါတယ်။ ဘာနန်ဒိုဆေးလ်ဗားကို ဖျက်ထုတ်ခဲ့တဲ့ ဝုလ်နောက်ခံလူ ဘိုလီ ကို အနီကဒ် ပြသင့်လား ၊ မပြသင့်ဘူးလာ ၊ ပရိတ်သတ်ကြီးရော ဘယ်လိုထင်လဲ ?

အခုဆိုရင် မန်စီးတီး အသင်းဟာ လီဗာပူးလ် အသင်းနှင် ၄ မှတ်ပဲ ကွာဟတော့မှာ ဖြစ်ပါတယ်။


15 Jan 2019     1,256 Views




RELATED

Most Popular of Football

Most Popular of Sport