BEC-TERO TV

ပါတီသွားကဲချင်တဲ့မိခင် ကလေးကို အရက်တိုက်ပြီးသိပ်ရာမှ ကလေးငယ်သေဆုံး

15 Jan 2019     1,368 Views


မိခင်တစ်ဦးဟာ ပါတီပွဲကိုသွားချင်လွန်းတဲ့အတွက် နေမကောင်းဖြစ်နေတဲ့ အသက် ၈ လအရွယ် ကလေးငယ်ကို အိပ်ပျော်သွားအောင် ဘော့ဒကာအရက် တိုက်ရာမှ ကလေးငယ် သေဆုံးသွားခဲ့သည်။
 
 
ရုရှားနိုင်ငံ အနောက်ပိုင်း ဘယ်လ်ဂိုရော့ဒ်အိုဘလတ်စ် ပြည်နယ်ရှိ ရှိဘီကီနိုမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “ဇာခါ” အမည်ရှိ အသက် ၈ လအရွယ် ကလေးငယ်ဟာ နေမကောင်းဖြစ်နေတာကြောင့် မိခင်ဖြစ်သူက ဆေးရုံသွားပြခဲ့သည်။ ဆေးရုံမှ ကလေးကို စစ်ဆေးပြီးနောက် အဖျားပိုးကူးစက်နေသဖြင့် ဆေးရုံတင်ပြီး မိခင်ကပါ အနီးကပ်ပြုစုစောင့်ရှာက် ကုသရန်လိုအပ်ကြောင်း ပြောကြားခဲ့သော်လည်း ပါတီပွဲများတက်ရန် ရှိနေသဖြင့် ဆရာဝန်များ တားနေသည့်ကြားမှ ကလေးကို အိမ်ပြန်ခေါ်လာခဲ့သည်။
 
 
ဆေးရုံမှ ပြောကြားချက်အရ သူမဟာ ကလေးကို ဆေးရုံသို့ ခေါ်လာပြနေသည်မှာ လေးငါးကြိမ်ရှိနေပြီး သူနာပြုများနဲ့ ဆရာဝန်များက ကလေးကို ဆေးရုံတင်ရန် ပြောတိုင်း ငြင်းပယ်ကာ အိမ်ပြန်ခေါ်သွားခဲ့သည်။
ယခုလပိုင်းဟာ အားလပ်ရက်ရာသီဖြစ်သဖြင့် ကလေးဆေးရုံတင်ထားပါက ပါတီပွဲများ မတက်နိုင်မှာကို စိုးရိမ်ခဲ့ခြင်းဖြစ်သည်။ ပါတီပွဲသွားရန်ရှိတိုင်း ကလေးကို ဘော့ဒကာအရက်တိုက်ပြီး အိပ်ပျော်အောင် လုပ်ခဲ့ပြီး တစ်ပတ်ခန့်အကြာ ဇန်နဝါရီ ၅ ရက်နေ့က ကလေးငယ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသွားသည့် ကလေးငယ်ကို ဆေးစစ်ခဲ့ရာ အမျိုးမျိုးသော ရောဂါပိုးဝင်ပြီး သေဆုံးခဲ့ရကြောင်း အဖြေထွက်ခဲ့ပါတယ်။
 
 
ရဲများက မိခင်ဖြစ်သူနဲ့ ပထွေးဖြစ်သူတို့ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ပထွေးဖြစ်သူက သိသော်လည်း ဝင်ရောက်တားမြစ်ခြင်း မရှိခဲ့ကြောင်း ပေါ်ပေါက် ခဲ့သည်။ လက်တလောမှာ မည်သူကိုမျှ ဖမ်းဆီးခြင်းမရှိသေးပဲ ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရှိရသည်။
 

15 Jan 2019     1,368 Views




RELATED

Most Popular of Special or Others

Most Popular of NEWS