BEC-TERO TV

ဖုန်း / လပ်တော့ပ် တို့ကို သက်တမ်းကြာကြာ အသုံပြုနိုင်ဖို့အတွက် ဘာတွေဆင်ခြင်ရမလဲ

15 Jan 2019     1,759 Views


လက်တော့ပ်/ ဖုန်းတွေရဲ့ အသက်က ဘက်ထရီပါပဲ။ ဒါ့ကြောင့် ဘက်ထရီကို သက်တမ်းကြာကြာနဲ့ အားခံအောင် ဘယ်လိုအသုံးပြုသင့်သလဲ။ ဆောင်ရန်ရှောင်ရန်လေးတွေ လေ့လာမိသလောက်မျှဝေပေးလိုက်ပါတယ်။
 
၁။ အားအလွန်အကျွံသွင်းခြင်း သို့မဟုတ် ညလုံးပေါက်သွင်းခြင်း
 
များသောအားဖြင့် ကျွန်တော့်တို့ဟာ ဖုန်းကို အိပ်ရာထဲအထိ အသုံးပြုကြတာများပါတယ်။ အသုံးပြုရင်လည်း အားကိုအကုန်သုံးတာမျိုး ဒါမှမဟုတ် အားသွင်းရင်သုံးတာမျိုး ပြုလုပ်လေ့ရှိပါတယ်။ အိပ်ချင်လာတဲ့အချိန်ကြမှ ဖုန်းကိုလက်ကချပြီး အားကို တစ်ညလုံးသွင်းထားလိုက်ကြပါတယ်။ ညလုံးပေါက် အားအလွန့်အကျွံ သွင်းခြင်းဟာ အပူလွန်ကဲပြီး ပေါက်ကွဲနိုင်သလို့ ဘက်ထရီဟာ ပျက်စီးမြန်ပါတယ်။

၂။ ဖုန်းအားကိုဘယ်လောက် % ထိအသုံးပြုသင့်သလဲ။
 
ဖုန်းအားကို သုံးချင်တဲ့အချိန်ကျတော့ အကုန်သုံးပြီး အားသွင်းချင်တဲ့ အချိန်ဆို ၉၀% လောက်ရှိလည်း အားသွင်းခြင်းကို ပြုလုပ်လေ့ရှိပါတယ်။ ဒါက သင့်ဖုန်းဘက်ထရီသက်တမ်းကို ကြာကြာမခံစေပါဘူး။ ဖုန်းအားသွင်းတဲ့အချိန်ကို လည်း စနစ်တစ်ကျရှိသင့်ပါတယ်။ အခုခေတ်ဖုန်းတွေဆိုရင် ၂၀% အောက်ရောက်ပြီဆိုရင် ဘက်ထရစ်အချက်ပြပေးပါတယ်။ ဒါဆိုရင် သင့်ဖုန်းကို ဆက်မသုံးပဲ အားသွင်းသင့်ပါပြီ။

၃။ အားသွင်းပြီးလည်း အားသွင်းကြိုးကို ပလပ်ပေါက်မှာတပ်ထားခြင်း
 
ဖုန်း/လက်တော့ပ်အားသွင်းကြိုးကို မလိုအပ်ဘဲ ပလပ်ပေါက်မှာ တပ်ထားခြင်းက ကောင်းတဲ့ အကြံတော့မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အသုံးပြုနေတဲ့ လျှပ်စစ်မီးအားက အတက်အကျ တည်ငြိမ်မှုမရှိတာကြောင့် သင်အားသွင်ကြိုး ကို အားမသွင်းဘဲ အမြဲတမ်း ပလပ်ပေါက်မှာ ထိုးထားမယ်ဆိုရင် သင့်ဖုန်း/ လက်တော့ပ် ဘက်ထရီကိုကြာရှည်ခံမှာမဟုတ်တော့ပါဘူး။ ဒါ့ကြောင့် အားသွင်းပြီးတဲ့အခါ အားသွင်းကြိုးကို ပလပ်ပေါက်နေဖြုတ်ထားသင့်ပါတယ်။

၄။ တွေ့ကရာအားသွင်းကြိုးကို အသုံးပြုခြင်း
 
ဖုန်းတစ်လုံးနဲ့တစ်လုံး အသုံးပြုထားတဲ့ဘက်ထရီ mAh ချင်းမတူညီတာကြောင့် အားသွင်းတဲ့ Adaptor ချင်းလဲ မတူညီနိုင်ပါဘူး။ ဒါကို သင်က တွေ့ကရာအားသွင်းကြိုးနဲ့ ဖုန်းကိုအားသွင်းခြင်း၊ Computer ဖြင့် ချိတ်ဆက်အားသွင်းခြင်း စတဲ့ အပြုအမူတွေက ဖုန်းဘက်ထရီသက်တမ်းကို ကြာရှည်မခံစေတဲ့အပြင် ဘက်ထရီအားလည်း အကုန်မြန်ပါတယ်။ ဒါ့ကြောင့် ဖုန်းကို Original အားသွင်းကြိုးနဲ့သာ အားသွင်းတာက ပိုပြီးအဆင်ပြေစေပါတယ်။

အားလုံးပဲ အဆင်ပြေကြပါစေ။

(ပိုပိုလေး)


15 Jan 2019     1,759 Views




RELATED

Most Popular of Special or Others

Most Popular of Life Style