BEC-TERO TV

ထိုင်းလူမျိုးဖြစ်တဲ့အတွက် ကိုးရီးယားတွေရဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုကိုခံနေရတဲ့ Lisa

16 Jan 2019     1,703 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီးရေပန်းစားနေတဲ့ အမျိုးသမီးအဆိုတော် အဖွဲ့ Black Pink အဖွဲ့မှ အငယ်ဆုံးအဖွဲ့ဝင် ဖြစ်တဲ့ Lisa ဟာ ကိုးရီးယားလူမျိုးတွေရဲ့ လူမျိုးရေးခွဲခြားမှုကိုခံခဲ့ရပါတယ်။


Lisa ဟာအဖွဲ့ဝင်လေးယောက်ထဲမှာ တစ်ဦးတည်းသော ပြည်ပနိုင်ငံအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး သူမရဲ့ ဆန်းကလဲ အံ့မခန်းပါပဲ။ အကတော်ပြီး Rap အစွမ်းမှာလည်း အံ့မခန်းဖြစ်တဲ့ သူမဟာ talent  ကြောင့်လဲ ချစ်ခင်တဲ့ ဖန်တွေပေါများသလို ဟန်မဆောင်တတ်ပဲ ချစ်စဖွယ်စကားပြောဆိုတတ်တဲ့ပုံလေးတွေကြောင့် သူမကိုချစ်တဲ့ ဖန်တွေကလဲ တစ်နေ့တခြား များပြားလာပါတယ်။


Lisa တစ်ယောက် ကိုးရီးယားမှာ ကိုးရီးယားလူမျိုးအဆိုတော်တွေထက် အောင်မြင်သလိုဖြစ်နေတယ်ဆိုပြီး Cyber attack တိုက်ခိုက်တာတွေရှိလာပါတယ်။ ‘ကိုးရီးယားမှာလာပြီး ကိုးရီးယားတစ်ယောက်လို ဟန်ဆောင် မနေနဲ့’


‘ကိုးရီးယားစကားကို ဘယ်လောက်ပဲကျွမ်းနေအောင်ပြောတတ်ပါစေ ဘာပဲဖြစ်ဖြစ် ထိုင်းက ထိုင်းပဲ’ အစရှိတဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ထိုင်းနိုင်ငံနဲ့ တခြားပြည်ပနိုင်ငံမှာရှိတဲ့ Lisa ရဲ့ ပရိတ်သတ်တွေက ကိုးရီးယားလူမျိုးတွေရဲ့ လူမျိုးရေးခွဲခြားမှုကို ရှုံ့ချပြီး Lisa ကိုအားပေးတဲ့အနေနဲ့ #RespectLisa ဆိုတဲ့ hastag နဲ့ twitter မှာ tweet ခဲ့ကြပါတယ်။

Lisa ဟာ အသက် ၁၄ နှစ်အရွယ်ကတည်းက YG Entertainment ရဲ့ audition ကိုဖြေဆိုအောင်မြင်ခဲ့ပြီး ကိုးရီးယားကိုရောက်ရှိနေတာဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ ကလေးတစ်ယောက်အနေနဲ့ ရေခြားမြေခြားမှာ တစ်ယောက်တည်းရှင်သန်နေထိုင်ဖို့ ဆိုတာ တော်ရုံစိတ်ခိုင်ရုံနဲ့မရပါဘူး။ ဒီလို အခက်အခဲ၊ ကြပ်တည်းမှုတွေနဲ့ နေထိုင်လာရတဲ့ ကလေးတစ်ယောက် အောင်မြင်လာတဲ့အချိန်မှ ထိုင်းဖြစ်လို့ ဆိုပြီး ခွဲခြားခံရတာ ထိုင်းလူမျိုးတွေအနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ရက်၊ ၁၂ ရက်၊ ၁၃ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ Black Pink Concert မှာထိုင်းလူမျိုး အနုပညာရှင်တွေကတက်ရောက်ခဲ့ပြီး Lisa ကို အားပေးခဲ့ကြပါတယ်။ Lisa တစ်ယောက် Cyber Bullying လုပ်ခံနေရတဲ့ ကာလအတွင်းမှာလဲ ထိုင်းအနုပညာရှင်တွေက twitter မှာ #RespectLisa ဆိုတဲ့ tweet ကိုသူ့ထက်ငါအပြိုင် tweet ခဲ့ကြပါသေးတယ်။


Lisa ကလဲ ထိုင်းနိုင်ငံမှ အနုပညာရှင်တွေနဲ့ ပရိတ်သတ်တွေက သူမကိုအားပေးကြတဲ့ အတွက် ကျေးဇူးတင်ကြောင်းနဲ့ မွေးရပ်ဇာတိမြေက သောင်းသောင်းဖြဖြ အားပေးကြတဲ့အတွက် ဝမ်းသာကြောင်း သူမရဲ့ instagram post မှာ ဓာတ်ပုံနှင့်တကွ ရေးသားဖော်ပြခဲ့ပါတယ်။

 


 

 


16 Jan 2019     1,703 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS