BEC-TERO TV

နာမည်ကြီး LV Brand ရဲ့ ပထမဦးဆုံး ထိုင်းမော်ဒယ်ဖြစ်လာတဲ့ Urassaya Sperbund

16 Jan 2019     1,544 Views


ပြီးခဲ့တဲ့ ၂၀၁၈ စက်တင်ဘာလောက်က ရုံတင်သွားတဲ့ Brother of the Year ရုပ်ရှင်ကားကိုတော့ သိကြမှာပေါ့နော်။ Brother of the Year ရုပ်ရှင်ကားထဲက ခပ်စွာစွာ ညီမငယ်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး Yaya Urassaya ဟာ နာမည်ကြီး ပြင်သစ် brand တစ်ခုဖြစ်တဲ့ Louis Vuitton ရဲ့ မော်ဒယ်တစ်ယောက်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။


မောင်နှမတွေကြားမှာထားရှိတဲ့ ချစ်ခြင်းမေတ္တာကိုဖော်ကျူးရိုက်ကူးထားပြီး ရသမြောက်လှတဲ့ Brother of the Year ရုပ်ရှင်ဇာတ်ကားကြီး အပြီးမှာ Yaya ရဲ့ ပေါ်ပြူလာဖြစ်မှုဟာလဲ တဟုန်ထိုးတက်လာတယ်လို့ပြောရမှာပါပဲ။


Yaya ဟာ Louis Vuitton ရဲ့ ပထမဦးဆုံးရွေးချယ်ခံရတဲ့ ထိုင်း Celebrity တစ်ယောက်ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း LV Brand ဆိုတာ ၁၉ ရာစုနှစ် အလယ်ပိုင်းလောက်ကတည်းက ယနေ့အချိန်ထိ ရပ်တည်လာတဲ့ နာမည်ကြီး brand တစ်ခုပါ။ ထွက်သမျှ အသုံးအဆောင်ပစ္စည်းတိုင်းကလဲ အရည်အသွေးကောင်းမွန်တာကြောင့် ကမ္ဘာတစ်ဝှမ်းလုံးက အကောင်းကြိုက်သူတွေရဲ့ လက်စွဲတော် Brand တစ်ခုဆိုလဲမမှားပါဘူး။


Yaya တစ်ယောက် ဒီလို Brand မျိုးရဲ့ မော်ဒယ်တစ်ယောက်ဖြစ်လာရတာ ထိုင်းလူမျိုးတွေအတွက် ဂုဏ်ယူစရာပါပဲ။ သူမနဲ့ အတူ တရုတ်မင်းသမီး Elane Zhong ၊ ကိုးရီးယားသရုပ်ဆောင် Bae Doona ၊ အင်္ဂလန်မင်းသမီး Thandie Newton၊ ဟောလိဝုဒ်စတား Michelle Williams ၊ ဟောလိဝုဒ် မော်ဒယ်သရုပ်ဆောင် Indya Moore အစရှိတဲ့ နာမည်ကြီးလူကြိုက်များသူများ အရွေးချယ်ခံခဲ့ရပါတယ်။

 


 


 

 



16 Jan 2019     1,544 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS