BEC-TERO TV

Seoul Music Award မှာ အားမရှိလို့လဲကျတော့မတတ်ဖြစ်သွားတဲ့ Jung Kook

16 Jan 2019     1,363 Views


တောင်ကိုးရီးယားနိုင်ငံ လူငယ်အမျိုးသားအဆိုတော်အဖွဲ့ BTS ဟာ အရှေ့တောင် အာရှနိုင်ငံများမှာသာမက အနောက်နိုင်ငံများထိပါ လွှမ်းမိုးထားနိုင်တဲ့ Band တစ်ခုဖြစ်ပါတယ်။ ကမ္ဘာကျော်အနုပညာရှင်တွေစုစည်းရာဖြစ်တဲ့ ဟောလိဝုဒ်မှာတောင် သျှမ်းသျှမ်းတောက် အောင်မြင်လှတဲ့ BTS ဟာ ဒီနှစ်ပိုင်းတွေမှာ ကမ္ဘာလှည့်ဖျော်ဖြေရေးတွေနဲ့ လုံးချာလိုက်နေခဲ့ပါတယ်။


တစ်ချိန်လုံး လေယာဉ်စီးပြီး ကမ္ဘာလှည့်ဖျော်ဖြေမှုတွေပြုလုပ်နေရတဲ့ သူတို့ဟာ အိပ်ချိန် အင်မတန်မှနည်းပါးလှပါတယ်။ ဖျော်ဖြေရေးကိစ္စရပ်တွေနဲ့ အမြဲအလုပ်ရှုပ်နေလို့ ကား၊ လေယာဉ်အစရှိတဲ့ ယာဉ်တွေက သူတို့ရဲ့ အိပ်စက်ရာနေရာဖြစ်လာပါတော့တယ်။


Idols အဆိုတော်တွေဆိုတာ အသားအရေ နဲ့ ခန္ဓာကိုယ်အချိုးအစားကိုအမြဲထိန်းသိမ်းနေရသူတွေပါ။ အစားအသောက်ဆိုတာလဲ သူတို့စားချင်သလိုစားခွင့်မရှိကြပါဘူး။


စိတ်ကြိုက်အိပ်ခွင့်၊ စားခွင့်မရှိပဲ အလုပ်တွေပိနေတတ်တာ idols တွေပါပဲ။ လက်တလောမှာ BTS မှ အငယ်ဆုံးအဖွဲ့ဝင် Jungkook ဟာ အရမ်းပိန်သွားတဲ့အတွက် ဖန်တွေကစိုးရိမ်ပူပန်လာခဲ့ပါတယ်။


ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Seoul Music Awards ဆုပေးပွဲမှာ Jungkook တစ်ယောက်အားမရှိပဲ မူးလဲကျတော့မယ့်ပုံစံမျိုးဖြစ်ပေါ်နေပါတယ်။ ဆုပေးပွဲအပြီး idol groups တွေအကုန် ပရိတ်သတ်တွေကိုနှုတ်ဆက်ကြရပါတယ်။ Jung Kook ဟာအဖွဲ့ဝင်တွေနဲ့အတူ ထိုင်နေခဲ့ပြီး ရုတ်တရက်ထလိုက်ရာမှာ မိုက်ခနဲ ပြန်လဲကျသွားတဲ့ပုံစံ ဖြစ်သွားပါတယ်။ stage ပေါ်မှဆင်းတဲ့အခါမှာလဲ Jungkook ကိုလုံခြုံရေး ဝန်ထမ်းများကတွဲပြီးခေါ်သွားရပါတယ်။


ဒီကိစ္စနဲ့ပတ်သတ်ပြီး Jungkook ရဲ့ပရိတ်သတ်တွေက twitter မှ #getwellsoonJungkook ဆိုတဲ့ hastag တွေနဲ့ Jungkook တစ်ယောက်နေအမြန်ပြန်ကောင်းလာအောင် ဆုတောင်းပေးကြပါတယ်။

 


 

 


16 Jan 2019     1,363 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS