BEC-TERO TV

သေလောက်အောင် ဓါးနဲ့ထိုးသတ်ခဲ့တဲ့ချစ်သူကို ထောင်မချဖို့ တရားရုံးမှာ တောင်းပန်

16 Jan 2019     1,340 Views


ရည်းစားဖြစ်သူ ကောင်မလေးက ဓါးနဲ့ ၁၃ ချက် ထိုးခဲ့တာကြောင့် သေခါနီးထိဖြစ်ခဲ့ရတဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ချစ်သူ ကောင်မလေးကို ထောင်ဒဏ်အပြစ်မပေးဖို့ တရားရုံးမှာ တရားသူကြီးကို ဒူးထောက်တောင်းပန်ခဲ့ပါတယ်။
 
 
အမည်ဖော်ပြထားခြင်း မရှိတဲ့ ရုရှားနိုင်ငံက အမျိုးသမီးဟာ သူ့ရဲ့ရည်းစားကို ဓားနဲ့အချက်ပေါင်းများစွာ ထိုးခဲ့တဲ့အတွက် ထောင်ဒဏ် ၆ နှစ်နဲ့အထက် ကျခံရဖို့ ရှိနေပါတယ်။ ဓားနဲ့ထိုးခံခဲ့ရသူ Mr Shakur က သူ့ရဲ့အသက်ဘေးအတွက် မနည်းလွတ်အောင်ရုန်းခဲ့ရတယ်လို့ တရားလိုရှေ့နေက ပြောကြားခဲ့ပါတယ်။
 
 Mr Shakur ဟာ ဓားဒဏ်ရာတွေကြားကနေ လွတ်အောင် ထွက်ပြေးခဲ့ပြီး ဆေးရုံရောက်အောင် အကူအညီလိုက်တောင်းခဲ့ရပါတယ်။ သူဟာ အနည်းဆုံး ဓားဒဏ်ရာ ၁၃ ချက်ထက်မနည်း ထိုးခံရပြီး ဆေးရုံပေါ်မှာ ၃ ပတ်ကြာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ 
 
 
အမျိုးသမီးကတော့ ဓားနဲ့ထိုးခဲ့တဲ့ အဖြစ်ပျက်ကို ဝန်ခံခဲ့ပြီး သေစေလိုတဲ့ ရည်ရွယ်ချက်မရှိကြောင်း၊ အဲဒီအချိန်က သူမ အရက်မူးလွန်နေခဲ့တာကြောင့် ဖြစ်တယ်လို့ လျှောက်လဲခဲ့ပါတယ်။ ဘာအကြောင်းကြောင့် ဖြစ်ခဲ့ရတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိခဲ့ရပါဘူး။
 
 
တရားသူကြီးက စီရင်ချက် ချခါနီးမှာ Mr Shakur က သူတို့နှစ်ဦး မင်္ဂလာဆောင်ဖို့ ရက်သတ်မှတ်ထားတာကြောင့် သူ့ရဲ့ချစ်သူကို ထောင်ဒဏ် အပြစ်မပေးဖို့ အသနားခံခဲ့ပါတယ်။ ဒီအကြောင်းကြောင့် တရားသူကြီးက စီရင်ချက်ချမယ့် ရက်ကို  နောက်ထပ် အကြောင်းကြားစာမရခင်ထိ အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ကြောင်း ရုရှားသတင်း NTR-24 တွင် ဖော်ပြပါရှိသည်။

16 Jan 2019     1,340 Views




RELATED

Most Popular of Special or Others

Most Popular of NEWS