BEC-TERO TV

ရော်နယ်ဒို ရဲ့သွင်းဂိုးနဲ့အနိုင်ရပြီး အီတလီစူပါဖလား ဗိုလ်စွဲခဲ့တဲ့ ဂျူဗင်တပ်

17 Jan 2019     1,318 Views


ဂျူဗင်တပ်အသင်းဟာ ဆောဒီနိုင်ငံမှာကျင်းပတဲ့ အီတလီစူပါဖလားပွဲမှ အေစီမီလန် အသင်းကို တိုက်စစ်မှူးရော်နယ်ဒို ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ အနိုင်ရရှိပြီး စူပါဖလားကို ရရှိခဲ့ပါတယ်။ စူပါဖလားပြိုင်ပွဲမှာ ဂျူဗင်တပ်အသင်းဟာ အောင်မြင်မှုအများဆုံး အသင်းဖြစ်လာခဲ့တယ်လို့သိရပါတယ်။

ဂျူဗင်တပ်အသင်းဟာ ပွဲစပြီဆိုတာနဲ့ ခြေစွမ်းအသာစီးနဲ့ ကစားထားနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပေမဲ့ ဒေါက်ဂလပ်စ်ကော်စတာ နှင့် ကန်ဆယ်လိုတို့ အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့သည့်အပြင် သွင်းဂိုး နှစ်ဂိုးကလည်း လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ပွဲချိန် ၇၃ မိနစ်မှာ အေစီမီလန် ကွင်းလယ်ကစားသမား ကက်ဆီ အနီကတ်ပြထုတ်ခံခဲ့ရပါတယ်။ ချလ်ဆီးအသင်းနဲ သတင်းထွက်နေတဲ့ ဟီဂူအင် ဟာ အရံစာရင်းမှာသာ ပါဝင်လာခဲ့တာပြီး ဒုတိယပိုင်းမှ လူစားဝင်လာခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းပြီးဆုံးချိန်မှာ နှစ်ဖက်အသင်း ဂိုးမရှိသရေကျခဲ့ပြီး ပွဲချိန် ၆၁မိနစ်မှာတော့ ကွင်းလယ်လူ ပီယာနစ်ရဲ့တိကျတဲ့ဖြတ်တင်ဘောကို ရော်နယ်ဒိုက ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ဂျူဗင်တပ်စ်အသင်း အနိုင်ဂိုးရရှိသွားခဲ့ပါတယ်။ ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်ကစားသမားဘ၀ ပထမဆုံးအောင်မြင်မှုအဖြစ် အီတလီစူပါဖလားကို ပထမဦးဆုံးကိုမြောက်နိုင်ခဲ့တာဖြစ်ပါတယ်။


17 Jan 2019     1,318 Views




RELATED

Most Popular of Football

Most Popular of Sport