BEC-TERO TV

တန်ကြေးနဲ့ ထိုက်တန်ကြောင့်ပြသခဲ့တဲ့ ရော်နယ်ဒို ကို နည်းပြ အယ်လီဂလီ ချီကျူး

17 Jan 2019     1,262 Views


မနေ့က အီတလီစူပါဖလားပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ဂျူဗင်တပ်အသင်းဟာ ရော်နယ်ဒို ရဲ့ သွင်းဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ရော်နယ်ဒိုကို ဂျုဗင်တပ်နည်းပြ အယ်လီဂလီ က ချီးကျူးပြောဆိုခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၆၁မိနစ်မှာတော့ ကွင်းလယ်လူ ပီယာနစ်ရဲ့တိကျတဲ့ဖြတ်တင်ဘောကို ရော်နယ်ဒိုက အပိုင် ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။

ရော်နယ်ဒို ကို ပြီးခဲ့တဲ့ ဇူလိုင်လက ရီးရဲမက်ထရစ် မှ ယူရို ၁၁၂ သန်းဖြင့်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါဟာ ရော်နယ်ဒိုအတွက် ဂျူဗင်တပ်စ်ကစားသမားဘ၀ ပထမဆုံးဆုဖလားလည်းဖြစ်လာသလို တန်ဖိုးနဲ့ ထိုက်တန်ကြောင်းကို ပြသခဲ့တာဖြစ်ပါတယ်။

အဲပွဲမှာ အယ်လီဂလီက တိုက်စစ်ပိုင်းက ဒီထက်ပိုပြီး အဆုံးသတ်သေချာဖို့ လိုအပ်တယ်လို့ ထောက်ပြခဲပေမဲ့ ရော်နယ်ဒို ရဲ့အရေးပါမှု ၊ အသင်းပေါ်စွမ်းဆောင်မှု တို့ကို ချီးကျူးသွားခဲ့ပါတယ်။”ရော်နယ်ဒိုဟာ အခုပွဲကြီးမျိုးတွေမှာ ဂိုးသွင်းယူနိုင်စွမ်းရှိလို့ သူ့ကို ကျွန်တော်တို့အသင်း ခေါ်ယူခဲ့တာပါ။ “ လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

အယ်လီဂရီက အဲဒီပွဲမှာ တိုက်စစ်ပိုင်းက ဒီထက်အဆုံးသတ်ပိုသေချာဖို့ လိုအပ်တယ်လို့ ထောက်ပြခဲ့ပေမယ့် ရော်နယ်ဒိုရဲ့အရေးပါမှုနဲ့ အသင်းရဲ့စွမ်းဆောင်ရည်ကို ချီးကျူးသွားပါတယ်။ ကျွန်တော်တို့အသင်းဟာ ဒီထက်ပိုပြီး ဂိုးတွေပိုရသင့်ပါတယ် ဒါပေမဲ့ အသင်းသားတွေရဲ့စွမ်းဆောင်ရည်နဲ့ ရော်နယ်ဒိုရဲ့ခြေစွမ်းကိုတော့ ချီးကျူးလိုပါတယ်”လို့ အယ်လီဂရီက ပြောကြားခဲ့ပါတယ်။


17 Jan 2019     1,262 Views




RELATED

Most Popular of Football

Most Popular of Sport