BEC-TERO TV

အူတက်အောင် ခွီနေရတဲ့ အအပုံစံသရုပ်ဆောင်ထားတဲ့ ဘနားနားရဲ့ အခွီဗီဒီယို

17 Jan 2019     1,548 Views


ဘနားနားလို့ပြောလိုက်တာနဲ့ ပရိသတ်တွေပြေးမြင်မိမှာကတော့ စားလို့ရတဲ့ဌက်ပျော်သီးမဟုတ်ပဲ မြန်မာပြည်သိန်းတန် ဌက်ပျော်သီးကျွေးလိုက်ရာမှ နာမည်ကြီးအောင်မြင်ကျော်ကြားတဲ့ အဆိုရှင်ခြိမ့်ကေကို ကိုပဲပြေးမြင်မိမှာပါနော်။ အမှန်တကယ်လဲ ဘနားနားဟာ အဲ့သည်လောက်ထိလူသိများနာမည်ကျော်ကြားလာသူပဲဖြစ်ပါတယ်။

အနုပညာပိုးပါသူတစ်ယောက်ဖြစ်ပြီး ဂီတအလုပ်တွေစစလုပ်ကိုင်ချင်းမှာ ပြင်းထန်သောဝေဖန်တိုက်ခိုက်မှုတွေကို ခံခဲ့ရပေမယ့် ကျရှုံးမသွားပဲ မေတ္တာစိတ်ဓာတ်နဲ့သာပြန်လည်တုံ့ပြန်ခဲ့တဲ့ ခြိမ့်ကေကိုကတော့ ယခုဆိုရင် အဆိုတော်အပြင် သရုပ်ဆောင်ပိုင်းကိုပါ လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။

ဘနားနားရဲ့ ပထမဆုံးသောကိုယ်ပိုင်သီချင်းဖြစ်တဲ့ “မမရေ လွမ်းလို့” သီချင်းက ပရိသတ်တွေကြား အကြိုက်တွေ့ခဲ့ရသလို သီချင်းဗီဒီယိုကလည်း ပရိသတ်တွေကြား ရေပန်းစားခဲ့ပါတယ်။ အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာပါ ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ ဘနားနားကတော့ ရှိုးပွဲတွေမှာပါ လိုက်လံဖြေဖျော်နေရပြီး ဇာတ်လမ်းတွဲဗီဒီယိုတွေများစွာမှာလဲ ပါဝင်သရုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။

အောင်မြင်မှု level တစ်ခုမှာရပ်တည်နေပြီဖြစ်တဲ့ ဘနားနားကတော့ ပရိသတ်တွေကိုခွီရအောင် လုပ်လိုက်ပြန်ပါပြီ။ အနေတဲ့သူတစ်ယောက်အဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်ထားတဲ့ ဗီဒီယိုဖိုင်လေးကို သူ့ရဲ့ဖေ့စ်ဘွတ်ကနေ မျှဝေထားပြီး ဘနားနားရဲ့ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေက အူတက်အောင်ခွီနေရတာပဲဖြစ်ပါတယ်။ အပျင်းပြေခွီရအောင် ဘနားနားရဲ့ အခွီတစ်လိုင်းဗီဒီယိုဖိုင်ကို တင်ဆက်ပေးလိုက်ပါတယ်။

VDO


17 Jan 2019     1,548 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment