BEC-TERO TV

အချစ်ရေးမှာဘယ်လိုမှ ပေါင်းစပ်လို့မရနိုင်တဲ့ ရာသီခွင်(၃)တွဲ

18 Jan 2019     4,353 Views


၁။ တူရာသီဖွား(စက်တင်ဘာ ၂၃ ရက်- အောက်တိုဘာ ၂၂ ရက်)- မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ ရက်- ဇန်နဝါရီ ၁၉ ရက်)

ရာသီဖွားတွေထဲမှာ တူရာသီဖွားတွေနဲ့ မကာရရာသီဖွားအတွဲတွေကအဆိုးဆုံးပါ။ သူတို့နှစ်ယောက်ဟာနှစ်ဦးသဘောတူညှိနှိုင်းဖို့ ခက်ခဲတဲ့အတွဲတွေဖြစ်ကြပါတယ်။ တူရာသီဖွားတွေဟာ ဒေါသထွက်လာရင်စိတ်မထိန်းနိုင်တာကြောင့် စကားကျွံတာမျိုးတွေရှိလာတတ်ပြီး မကာရတွေကတော့ သက်မဲ့အရာဝတ္ထုပစ္စည်း တွေကိုပေါက်ခွဲတာမျိုးတွေလုပ်တတ်ပါတယ်။ ဒီလိုလူနှစ်ယောက်ဟာ သဘောတူညီမှုရရှိဖို့ ခက်ခဲတဲ့အပြင်သူတို့ရဲ့ စိတ်ခံစားချက်ကိုဖော်ပြပုံခြင်းမတူညီတာကြောင့် ရေရှည်တွဲဖို့အဆင်မပြေနိုင်ပါဘူး။

၂။ မေထုန်ရာသီဖွား (မေလ ၂၁ ရက်- ဇွန်လ ၂၀ ရက်) -ကရကဋ်ရာသီဖွား (ဇွန်လ ၂၁ ရက်- ဇူလိုင် ၂၂ ရက်)

အကျင့်စရိုက်တွေဘယ်လိုပင်မတူညီကွဲပြားနေပါစေ၊ တစ်ယောက်နဲ့တစ်ယောက်ချစ်နေရင် ညှိယူလို့ရနိုင်တယ်ဆိုပေမဲ့ မေထုန်နဲ့ ကရကဋ္ဋ်တို့ကတော့ ဒီလိုမဟုတ်ကြပါဘူး။ လူမှုဆက်ဆံရေးကောင်းပြီး လူတကာနဲ့ ပေါင်းသင်းဆက်သွယ်နေတဲ့မေထုန်နဲ့ စိတ်ခံစားချက်လွန်ကဲလွန်းတဲ့ ကရကဋ်တို့ဟာ ပြဿနာအကြီးအကျယ်တက်လေ့ရှိကြပါတယ်။ မေထုန်ရာသီဖွားတွေက လူသစ်တွေနဲ့တွေ့ပြီး လူမှုဆက်ဆံရေးနယ်ပယ်ကိုချဲ့ထွင်ရတာ ကြိုက်နှစ်သက်ကြပေမဲ့ ကရကဋ်ရာသီဖွားတွေကတော့ လူသစ်တွေနဲ့ တွေ့ရမှာကြောက်ပြီး ခင်မင်ပြီးသားလူတွေကိုပဲ တွယ်ကပ်နေလေ့ရှိပါတယ်။ ဒီလို လုံးဝကွဲပြားတဲ့အပြုအမူအတွေးအခေါ်တွေကြောင့် သူတို့နှစ်ယောက်ဟာလဲ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။

၃။ သိဟ်ရာသီဖွား(ဇူလိုင်လ ၂၃ ရက်- သြဂုတ်လ ၂၂ ရက်) -ကုံရာသီဖွား(ဇန်နဝါရီလ ၂၀ ရက်-ဖေဖော်ဝါရီလ ၁၈ ရက်)

သိဟ်ရာသီဖွားတွေနဲ့ ကုံရာသီဖွားတွေဟာ သူငယ်ချင်းကောင်းတွေဖြစ်နိုင်ကြပေမဲ့ တစ်ယောက်အတွက်တစ်ယောက် ချစ်သူကောင်းတွေတော့ဖြစ်မလာနိုင်ကြပါဘူး။ အချစ်ရေးတစ်ခုမှာ ဟန်ဆောင်တတ်တဲ့ သိဟ်ရာသီဖွားတွေနဲ့ မေ့တတ်လွန်းတဲ့ကုံရာသီဖွားတွေဟာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဆိုသလိုပါပဲ ဘယ်လိုမှတွဲဖက်လို့မဖြစ်နိုင်ပါဘူး။ ကုံရာသီဖွားတွေက ချစ်မှုရေးမှာ စိတ်နှစ်ပြီးချစ်တတ်ကြပြီး ဟန်ဆောင်ကောင်းတဲ့ သိဟ်ရာသီဖွားတွေကတော့ ဒီလိုမဟုတ်ပါဘူး။ ဒါကြောင့်မို့ ဒီနှစ်ယောက်ဟာလဲ ဆက်တွဲနေမယ်ဆိုမယ်ဆိုရင် တစ်ယောက်အတွက်တစ်ယောက်ဆိုးကျိုးတွေပဲဖြစ်လာနိုင်ပါတယ်။

(ပိုပိုလေး)


18 Jan 2019     4,353 Views




RELATED

Most Popular of Special or Others

Most Popular of Life Style