BEC-TERO TV

ဘယ်တော့အသက်ကြီးမှာလဲလို့ ဟာသလုပ်ကာ အမေးခံလိုက်ရတဲ့ ခိုင်သင်းကြည်

18 Jan 2019     1,636 Views


ရုပ်ရှင်သရုပ်ဆောင် မင်းသမီးခိုင်သင်းကြည်ကတော့ ပရိသတ်တွေအားလုံးရဲ့ အချစ်တွေကိုသိမ်းပိုက်ထားတဲ့ နာမည်ကြီးထိပ်တန်းမင်းသမီးစာရင်းဝင်တစ်ယောက်ဖြစ်ပါတယ်။ ဒရမ်မာ၊ ဟာသ အနုအရွ ဘယ်လိုဇာတ်ကောင်မျိုးကိုမဆို သဘာဝကျကျနဲ့ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သူဖြစ်ပြီး အကယ်ဒမီဆုကြီး ၂ ဆုကိုလဲ ထိုက်ထိုက်တန်တန်ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

အနုပညာသက်တမ်း နှစ် (၂၀) နီးပါးရှိပြီဖြစ်တဲ့ မခိုင်လေးကတော့ မင်းသမီးဖြစ်ကာစ ငယ်ရွယ်စဉ်ကတည်းက ချောမောလှပလွန်းသူဖြစ်ပြီး အသက်အရွယ်ရလာသည့်တိုင် မပြောင်းလဲပဲ နုပျိုလန်းဆန်းကာ လှမြဲလှနေဆဲဖြစ်ပါတယ်။ အနုပညာသက်တမ်းတစ်လျှောက် ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းမှစကာ ယခုခေတ်မော်ဒယ်မင်းသားတွေအထိပါ မခိုင်လေးတွဲမရိုက်ဖူးတဲ့ မင်းသားဆိုတာမရှိသလောက်ကို အနုပညာနယ်ပယ်မှာလည်း အောင်မြင်နေဆဲဖြစ်ပါတယ်။

ဒီလိုမျိုးကိုယ့်ထက် ငယ်ရွယ်သူတွေနဲ့တောင် ရုပ်ရှင်တွဲရိုက်ရတဲ့ထိ သူမကတော့ အသက်သာကြီးလာပေမယ့် အရွယ်တင်နုပျိုလှပနေဆဲဖြစ်ပါတယ်။ အသက် (၄၀) အရွယ်လို့မထင်ရအောင်ကို လှသွေးကြွယ်နေသေးတာမို့ သူမရဲ့နုပျိုမှုတွေကို ဟာသလုပ်ကာ အမေးခံလိုက်ရတာပဲဖြစ်ပါတယ်။ သူမကိုဝန်းရံအားပေးနေကြတဲ့ ပရိသတ်တွေကချစ်စနိုးနဲ့ မခိုင်လေးတစ်ယောက် ဘယ်တော့အသက်ကြီးပြီး အိုလာမှာလဲဆိုကာ ချစ်စရာကောင်းတဲ့ ဟာသလေးတွေပြုလုပ်ပြီး စနောက်မေးမြန်းထားကြတာပဲဖြစ်ပါတယ်။ 

မခိုင်လေးအတွက် လုပ်ပေးထားကြတဲ့ ချစ်စရာကောင်းတဲ့ ဟာသလေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

 

 


18 Jan 2019     1,636 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment