BEC-TERO TV

ချစ်သုဝေအတွက် ရိုအဆန်ဆုံးသော V-Day လက်ဆောင် လုပ်ပေးလိုက်တဲ့ လင်းလင်း

18 Jan 2019     1,512 Views


အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေကိုယ်စီရရှိထားကြတဲ့ အနုပညာရှင်ဇနီးမောင်နှံဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကမ္ဘာလေးကိုပါ တည်ဆောက်ထားကြသူတွေဖြစ်ပါတယ်။ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမရင်း နားလည်မှု၊ ယုံကြည်မှုတွေနဲ့တည်ဆောက်ထားတဲ့ ချစ်စရာမိသားစုလေးဖြစ်တာကြောင့် အားလုံးကသဲသဲလှုပ်ချစ်နေကြရတာပဲဖြစ်ပါတယ်။

အမှတ်တရနေ့တွေ၊ ထူးထူးခြားခြားနေ့တွေကို သာမန်နေ့တစ်နေ့လိုသာဖြတ်သန်းနေထိုင်တတ်တဲ့ လင်းလင်းတစ်ယောက် မိန်းမဖြစ်သူချစ်သုဝေအတွက် အထူးခြားဆုံးနဲ့ ရိုမန့်တစ်အဆန်ဆုံးသော လက်ဆောင်လေးတစ်ခုကို စီစဉ်ပေးလိုက်တာပဲဖြစ်ပါတယ်။ ပရီမီယာကော်ဖီမစ်နဲ့ ပူးပေါင်းကာ ချစ်သုဝေအတွက် အထူးခြားဆုံးဖြစ်စေမယ့် Valentine’s Day လက်ဆောင်ကိုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။

ချစ်သုဝေအတွက် လင်းလင်းလုပ်ပေးတဲ့လက်ဆောင်လေးကတော့ ပရီမီယာကော်ဖီထုပ်လေးတွေထဲမှာ မိန်းမဖြစ်သူအတွက်ရည်ရွယ်ရေးသားထားတဲ့ စာသားလေးတွေကိုထည့်ရင်း ရိုအဆန်ဆုံးသောလက်ဆောင်ကိုလုပ်ပေးလိုက်တာပါ။ ခင်ပွန်းဖြစ်သူရဲ့လက်ဆောင်ကို လက်ခံရရှိဖို့အတွက်တော့ ချစ်သုဝေက သူမအတွက်ရေးထားတဲ့စာလေးတွေပါတဲ့ ပရီမီယာကော်ဖီခွံအထုပ်လေးတွေကို လိုက်လံစုဆောင်းရမှာပဲဖြစ်ပါတယ်။ ဒါမှလည်း ခင်ပွန်းဖြစ်သူရေးပေးထားတဲ့ စာလေးကိုရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဖတ်ရမှာပဲဖြစ်ပါတယ်။

ထို့အတွက်ကြောင့် ချစ်သုဝေကပရိသတ်တွေဆီကပါ အကူအညီလေးတောင်းခံထားပါသေးတယ်။ ပရီမီယာကော်ဖီသောက်လို့ သူမအတွက်ရေးထားတဲ့စာလေးတွေပါရင် ဖေ့စ်ဘွတ်ကနေတစ်ဆင့် သူမဆီကိုပို့ပေးဖို့မေတ္တာရပ်ခံ အကူအညီတောင်းခံထားပါတယ်။ ကော်ဖီသောက်ရင်း ပရိသတ်တွေလည်းရင်ခုန်အောင်၊ လက်ဆောင်ရမယ့် ချစ်သုဝေလည်းစိတ်လှုပ်ရှားအောင်လုပ်ပေးထားတဲ့ လက်ဆောင်လေးကတော့ ဘယ်သူနဲ့မှမတူတဲ့လက်ဆောင်လေးမို့ ချစ်သုဝေတစ်ယောက်ကျေနပ်ပီတိဖြစ်ကာ အပျော်လွန်နေတာကိုလည်း မြင်တွေ့ရပါတယ်။

လက်ဆောင်လေးက ထူးခြားလွန်းလို့ လက်ခံရရှိမယ့်ချစ်သုဝေသာမက ပရိသတ်တွေကပါ ရင်ခုန်စိတ်လှုပ်ရှားကာ လင်းလင်းရဲ့ထူးခြားတဲ့လက်ဆောင်ပုံစံလေးကို အတုယူအားကျလို့နေကြပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ Valentine’s Day နေ့လေးကတော့ ချစ်သုဝေအတွက် အထူးခြားဆုံးနဲ့ အမှတ်တရအရှိဆုံးနေ့လေးဖြစ်နေမှာပါနော်။ ပရိသတ်ကြီးလည်း မမထရီဇာနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားချင်ရင် ပရီမီယာကော်ဖီလေးသောက်ပြီး စာလွှာလေးတွေကို ၀ိုင်းရှာပေးလိုက်ကြပါဦးနော်။

 


18 Jan 2019     1,512 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS