BEC-TERO TV

အိမ်ကွင်းမှာ တစ်ကျော့ပြန် လက်စားချေ ခဲ့တဲ့ နည်းပြဆိုးရှား နှင် အနီရောင် တပ်သားများ

19 Jan 2019     1,320 Views


နည်းပြဆိုရှား ၏ မန်ယူနိုက်တတ်အသင်းဟာ တိုက်စစ်ပိုင်းမှာ ရက်ဖိုစ်၊ မာရှယ် ၊ လင်းဂတ်၊ ပေါ့ဘာတို့နဲ့ ဦးဆောင် ပွဲထွက်လာခဲပြီး ကွင်းလယ်ပိုင်းမှာ မာတစ် ၊ ဟာရဲယား ၊ နောက်တန်းမှာ ယန်း ။ ဖီဂျုံး ၊ လင်ဒီလော့ ၊ဒါလော့ နဲ့ ဂိုးသမား ဒီဂီယာ နဲ့ ၄-၂-၃-၁ ပုံစံနဲ့ပွဲထွက်လာပါတယ်။

ဘရိုက်တန်အသင်းဟာ လည်း အထောင်တိုက်စစ်မှူး မူရေး ဦးဆောင်ပွဲထွက်လာခဲ့ပြီး ကွင်းလယ်ပိုင်းမှာ လိုကာဒီ ၊ မာ့စ် ၊ ပါရိုပါ ၊ စတတ်ဖန် ၊ ဂရိုစ် ၊ နဲ့နောက်တန်းမှာ  ဂတ်တန်ဘောင်း၊  ဒရမ့် ၊ ဒူဖီ ၊ မွန်တာယာ နဲ့ ဂိုးသမား ဘူတန် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

မန်ယူနိုက်တတ်အသင်းဟာ ပွဲစတာနဲ့ ဘောလုံးအသာစီးနဲ ကစားခဲ့ပါတယ်။ ဘရိုက်တန် အသင်းကလည်း တန်ပြန်တိုက်စစ်နဲ့ မန်ယူနိက်တတ်အသင်းကို ဖိအားပေးခဲ့ပါတယ်။ ပွဲချိန် ၂၇ မိနစ် အရောက်မှာ ကွင်းလယ် တိုက်စစ်ကစားသမား ပေါ့ဘာ ရဲ့ ပင်နတီ ဂိုး မန်ယူနိက်တတ်အသင်းဟာ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ အိမ်ကွင်းပီပီ အသာရလာတဲ့ မန်ယူနိက်တတ်အသင်းဟာ ဘောလုံးအသာစီးနဲ့ ကစားထားခဲ့ပြီး ၄၂ မိနစ် အရောက်မှာ ဒါလော့ရဲ့ပေးပို့မှုမှ တဆင့် ရက်ဖို့စ် က ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်း မှာ ၂  ဂိုးအသာစီး ရထားတဲ့ မန်ယူနိုက်တတ်အသင်းဟာ ဘောလုံးကို ထိန်းချုပ်ကစားခဲပြီး ကြုံရင်ကြုံသလို့ ဘရိုက်တန် ခံစစ်ကို ဖိအားပေးကစားထားခဲ့ပါတယ်။ ဘရိုက်တန်အသင်းကလည်း ၆၁ မိနစ်မှာ ချေပဂိုးရရှိဖို့ အတွက် တိုက်စစ်ပိုင်း မူးရေး နေရာမှာ အန်ဒုံး ၊ မာစ့် နေရာမှာ ခနော့ကာစ် ကို လူစားလဲ ခဲ့ပါတယ်။ ဘရိုက်တန်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၇၂ မိနစ်မှာ ပရိုပါရဲ့ ဖန်တီးပေးဖိုမှုမှ တဆင့် ဂရို့ ကသွင်းယူပေးခဲ့ပါတယ်။

နောက်ပိုင်းပွဲချိန်တွေကို မန်ယူနိုက်တတ်အသင်းက ထိန်းချုပ်ကစားခဲ့ပြီး ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ မန်ယူနိုက်တတ်အသင်းဟာ နည်းပြ ဆိုရှားလက်ထပ် ၆ ပွဲဆက်အနိုင်ရရှိခဲ့ပါတယ်။

 


19 Jan 2019     1,320 Views




RELATED

Most Popular of Football

Most Popular of Sport