BEC-TERO TV

World War Z 2 ကိုစတင်ရိုက်ကူးတော့မှာဖြစ်တဲ့ ဘရက်ပစ်

21 Jan 2019     1,567 Views


၂၀၁၃ မှာရုံတင်ပြသခဲ့တဲ့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသားကြီးဘရက်ပစ်ရဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကား World War Z ကို အဆက်ပြန်လည်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။


World War Z  2 ကို လာမယ့်နွေရာသီမှာ စတင်ရိုက်ကူးတော့မှာဖြစ်ပြီး ၂၀၂၀ မှာ ရုံတင်ပြသသွားတော့မှာဖြစ်ပါတယ်။ 2013 မှာ ပြသခဲ့တဲ့ World War Z ကတော့ Zombie တွေနဲ့ ကြောက်မက်ဖွယ်ရိုက်ကူးထားခဲ့ပြီး ကြောက်ခမန်းလိလိ ပေါက်မြောက်အောင်မြင်ခဲ့ပါတယ်။


ထိုဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကတော့ Marc Foster ဖြစ်ပြီး World War Z 2 မှာတော့ဒါရိုက်တာအသစ်ပြောင်းသွားမှာပါ။ 2 ကိုရိုက်ကူးမယ့်ဒါရိုက်တာကတော့ David Fincher ဖြစ်ပါတယ်။ ပထမရိုက်ကူးခဲ့တဲ့ World War Z ကတော့ ဒေါ်လာ သန်း ၅၄၀ ရရှိတဲ့အထိ ပေါက်မြောက်အောင်မြင်ခဲ့ပါတယ်။


လက်ရှိမှာတော့ World War ရဲ့ ခေါင်းဆောင်မင်းသားဖြစ်တဲ့ ဘရက်ပစ်ဟာ အသက် ၅၅ နှစ်ရှိပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက World War Z ထဲကလို မင်းသားဟာ နုပျိုနေဆဲပါပဲ။


World War Z မှာတော့ ခေါင်းဆောင်မင်းသမီးအနေနဲ့ Mireille ကပါဝင်သရုပ်ဆောင်ထားပြီး World War Z 2 မှာပါဝင်သရုပ်ဆောင်မယ့် တခြားဇာတ်ဆောင်များကိုတော့ ဘရက်ပစ်မှလွဲပြီး ကြေငြာခြင်းမရှိသေးပါဘူး။ World War Z ကတော့ ၂၀၁၃ မှာအရမ်းကို ပေါက်မြောက်အောင်မြင်ခဲ့တာကြောင့် World War Z 2 ကိုလဲ ပရိတ်သတ်ကြီး မျှော်လင့်စောင့်စားနေမယ်ထင်ပါတယ်။ World War Z 2 ကိုစောင့်မျှော်ရင်း World War Z ကိုပြန်လည်ကြည့်ရှုခံစားနိုင်အောင်လို့ ပရိတ်သတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။



21 Jan 2019     1,567 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS