BEC-TERO TV

ချစ်သူများနေ့မှာ ရာသီခွင်အလိုက် ချစ်သူကို ဘယ်လို Surprise လုပ်မလဲ

21 Jan 2019     2,266 Views


၁။ မိဿရာသီဖွား (မတ်လ ၂၁ ရက်မှ ဧပြီလ ၂၀ ရက်)


အကယ်၍သင့်ချစ်သူက မိဿရာသီဖွားမိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုရင် သူမကို သင့်ခန္ဓာကိုယ်မှာသူမပုံ(သို့) နာမည်ကိုထိုးထားပြီး Surprise လုပ်ခြင်း၊ ရနံ့သင်းတဲ့ ရေမွှေးပုလင်း လှလှလေးနဲ့ surprise လုပ်ရင်အရမ်းကိုပျော်ရွှင်သွားပြီး သင့်အပေါ်အချစ်တွေတိုးပွားလာမှာပါ။

၂။ ပြိဿရာသီဖွား (ဧပြီ ၂၁ ရက်မှ မေလ ၂ဝရက်)


ပြိဿရာသီဖွားမိန်းကလေးတွေအကြိုက်ဆုံးအရာကတော့ အဝတ်အစားနဲ့ လက်ဝတ်ရတနာတွေပါပဲ။ သူမကို လက်ဝတ်ရတနာ(သို့) ဝတ်ကောင်းစားလှ တစ်မျိုးမျိုးနဲ့ surprise လုပ်ရင်တော့ သင့်အပေါ် အချစ်တွေဆထက်တပိုး တိုးလာမှာပဲဖြစ်ပါတယ်။

၃။ မေထုန်ရာသီဖွား(မေလ ၂၁ ရက်နေ့မှ ဇွန်လ ၂၁ ရက်)


မေထုန်ရာသီဖွား မိန်းကလေးတွေကို Surprise လုပ်မယ်ဆိုရင်တော့သူမဖတ်လေ့ရှိတဲ့ စာပေအမျိုးအစားတွေထဲက စာအုပ်ကောင်းကောင်းတစ်အုပ်ကိုဝယ်ပေးလိုက်ပါ။ ဒါ့အပြင် မေထုန်ရာသီဖွားမိန်းကလေးတွေဟာခရီးထွက်ရတာလဲ အင်မတန်မှ ကြိုက်နှစ်သက်တဲ့အတွက် ရက်တိုခရီးလေးတစ်ခုကိုခေါ်ဆောင်သွားပြီး surprise လုပ်မယ်ဆိုရင် သူမအတွက်တစ်သက်တာမမေ့နိုင်တဲ့ အမှတ်တရလေးဖြစ်သွားပါလိမ့်မယ်။

၄။ ကရကဋ်ရာသီဖွား (ဇွန်လ ၂၂ ရက်နေ့မှ ဇူလိုင်လ ၂၂ရက်)


ထိခိုက်ခံစားလွယ်တဲ့ ကရကဋ်ရာသီဖွားမိန်းကလေးကို ချစ်သူတော်ထားရတယ်ဆိုရင်တော့ ဘာမှအထွေအထူး ဝယ်ပေးနေစရာမလိုပဲ သင်သူ့ကို ဘယ်လောက်ချစ်ကြောင်းလက်တွေ့ပြသနိုင်ဖို့ပဲလိုပါတယ်။ သူမကို လူသူရှင်းပြီး ရိုမန်တစ်ဆန်တဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်မှာ ညစာကျွေးမွေးပြီး သင့်အချစ်တွေကိုပြသတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၅။ သိဟ်ရာသီဖွား(ဇူလိုင်လ ၂၃ ရက်နေ့မှ သြဂုတ်လ ၂၃ ရက်)


Adventure ဆန်ဆန် စွန့်စားရတာတွေကိုကြိုက်တဲ့ သိဟ်ရာသီဖွားမိန်းကလေးတွေကို surprise လုပ်ချင်တယ်ဆိုရင်တော့ camera တစ်လုံးဝယ်ပြီးလက်ဆောင်ပေးလိုက်ပါ။ သိဟ်ရာသီဖွား မိန်းကလေးတွေဟာ မိန်းကလေးသိပ်မဆန်ပဲ မာကျောကျောပုံစံရှိကြပါတယ်။ သူမကို ဝိုင်နီတစ်ပုလင်းနဲ့ surprise လုပ်မယ်ဆိုရင်လဲ သူမအတွက် အကောင်းဆုံးလက်ဆောင်ဖြစ်နေမှာပါ။

၆။ ကန်ရာသီဖွား(သြဂုတ်လ ၂၄ ရက်နေ့မှ စက်တင်ဘာလ ၂၃ ရက်)

လက်တွေ့ဆန်ပြီး အလုပ်ကြိုးစားတတ်တဲ့ ကန်ရာသီဖွားကို ချစ်သူတော်ထားရတယ်ဆိုရင်တော့ သူမအတွက်အသုံးဝင်မယ့် ပစ္စည်းတစ်ခုခုကိုသာ လက်ဆောင်ပေးလိုက်ပါ။ ဒိုင်ယာရီစာအုပ်တစ်အုပ်(သို့) Tablet တစ်လုံးဝယ်ပေးလိုက်တာက သူမအတွက်အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

၇။ တူရာသီဖွား(စက်တင်ဘာလ ၂၄ ရက်မှ အောက်တိုဘာလ ၂၃ ရက်)


ပန်းချီ၊ အနုပညာအစရှိတာတွေကို ကြိုက်နှစ်သက်တဲ့ တူရာသီဖွား ချစ်သူကို surprise လုပ်ချင်တယ်ဆိုရင်တော့ ပန်းချီပြပွဲ(သို့) ရှေးဟောင်းပြတိုက်ကို ခေါ်သွားခြင်းအားဖြင့် Surprise လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် သူမ မရှိတဲ့အချိန် သူမအိမ်ကိုသွားပြီး အခန်းတွင်း အလှဆင်ထားကာ ပြန်လာမှ အ့ံအားသင့်အောင်လုပ်ခြင်းမျိုးကိုလဲ ပြုလုပ်နိုုင်ပါသေးတယ်။

၈။ ဗြိစ္ဆာရာသီဖွား(အောက်တိုဘာလ ၂၄ ရက်မှ နိုဝင်ဘာလ ၂၂ ရက်


အပျော်အပါးပွဲတွေသွားရတာ၊ ကြည့်ရတာကြိုက်တတ်တဲ့ ဗြိစ္ဆာရာသီဖွားတွေကို ချစ်သူတော်ထားရင်တော့ သူမအတွက် Surprise က EDM ပွဲလက်မှတ်တို့ သူမကြိုက်နှစ်သက်တဲ့ အဆိုတော်တွေရဲ့ဖျော်ဖြေပွဲလက်မှတ်တို့ပဲဖြစ်မှာပါ။ သူမနဲ့ ဒီလိုပါဝင်ဆင်နွှဲဖို့ သင်ကိုယ်တိုင်ကလဲပျော်တတ်ဖို့လိုတယ်နော်။

၉။ ဓနုရာသီဖွား (နိုဝင်ဘာ ၂၃ ရက်နေ့ မှ ဒီဇင်ဘာ၂၁ ရက်)


လွတ်လပ်ပေါ့ပါးစွာ စွန့်စားရတာတွေကိုကြိုက်နှစ်သက်တဲ့ ဓနုရာသီဖွားတွေကို ချစ်သူတော်ထားရရင်တော့ သူမနဲ့ အတူတူတောင်တက်ခရီးလေးသွားဖို့ တိတ်တဆိတ် စီစဉ်ထားခြင်းအားဖြင့် သူမကို Surprise လုပ်ပါ။

၁၀။ မကာရရာသီဖွား (ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ဇန်နဝါရီလ ၂၀ ရက်)


မကာရ ရာသီဖွားမိန်းကလေးတွေက ဂီတနဲ့ အနုပညာကိုချစ်မြတ်နိုးကြပါတယ်။ မကာရ ရာသီဖွားမိန်းကလေးကို ချစ်သူတော်ထားရတယ်ဆိုရင်တော့ သူမတီးခတ်တတ်တဲ့ တူရိယာတစ်ခုခုကိုဝယ်ပေးတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဂီတဖျော်ဖြေပွဲတစ်ခုကို ခေါ်သွားတာမျိုး့ပဲဖြစ်ဖြစ် surprise လုပ်နိုင်ပါတယ်။

၁၁။ ကုမ်ရာသီဖွား(ဇန်နဝါရီလ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၈ ရက်)


အသစ်သစ်တွေကိုသင်ယူရတာ၊ ဆန်းသစ်တီထွင်ရတာတွေကိုကြိုက်တတ်တဲ့ ကုံရာသီဖွားမိန်းကလေးကို ချစ်သူတော်ထားရမယ်ဆိုရင်တော့ အိုင်ဒီယာအသစ်အဆန်းတွေ အများကြီးထုတ်နိုင်မှ တော်ကာကျပါမယ်။ သူတစ်ခါမှ မဆော့ဖူးတဲ့ ဗွီဒီယိုဂိမ်းကို သင့်နဲ့အတူဆော့ဖို့သင်ပေးတာမျိုး၊ sky diving ၊ skuba diving တူတူလုပ်ပေးတာတို့က သူမအတွက် မမေ့နိုင်တဲ့ surprise ဖြစ်စေမှာပါ။

၁၂။ မိန်ရာသီဖွား (ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ မတ်လ ၂ဝရက်)


မိန်ရာသီဖွား မိန်းကလေးကိုချစ်သူတော်ထားရတယ်ဆိုရင်တော့ သင်သိထားရမှာက မိန်ရာသီဖွားတွေက အင်မတန်မှစိတ်ထားနူးညံ့ပြီး ထိခိုက်ခံစားလွယ်တယ်ဆိုတာပါပဲ။ စိတ်ကူးယဉ်ဆန်ပြီး နူးနူးညံ့ည့ံအရာလေးတွေကို သဘောကျနှစ်သက်ကြပါတယ်။ ခွေးသေးသေးလေးတစ်ကောင်(သို့) နှင်းဆီပန်းစည်းအကြီးကြီး ကိုပေးပြီး surprise လုပ်မယ်ဆိုရင်တော့ သူမအတွက်မမေ့နိုင်တဲ့ surprise တစ်ခုဖြစ်နေမှာပါ။

 


21 Jan 2019     2,266 Views




RELATED

Most Popular of Special or Others

Most Popular of Life Style