BEC-TERO TV

တစ်လ တစ်ခါ ပိုက်ဆံစုဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ..?

21 Jan 2019     1,848 Views


တစ်လနဲ့တစ်လ လောက်လည်းမလောက် အကြွေးတွေပဲတင်နေတယ်ဆိုတဲ့ ကျွန်တော်တို့လို့ ရုံးဝန်ထမ်းသမားလေးတွေဆီက အမြဲကြားရတဲ့စကားလေးတွေပါ။ အဲလိုတွေဖြစ်နေတာက ပိုက်ဆံမစုဖြစ်လို့ပါ။ ပိုက်ဆံစုတယ်ဆိုတာ ပြောတော့သာလွယ်ပြီး လုပ်ရတာကျ တစ်ကယ်ခက်ခဲ့တဲအရာပါ။တစ်လနဲ့ တစ်လ ရတဲဝင်ငွေလေးကနေ စုမိဆောင်းမိဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။

၁။ အကြွေးမတင်အောင်နေပါ။
 
အကြွေးတင်ခံနေပြီး စားချင်ရာစား၊ ဝယ်ချင်တာဝယ် နေတာထက်စာရင် အကြွေးမရှိဘဲ ရှိတာလေးနဲ့ တင်တိမ်အောင်နေတတ်တာက ပိုကျေနပ်စရာပါ။ ပိုက်ဆံစုဖြစ်ချင်ရင်တော့ ရှိတဲ့အကြွေးကို ကြေအောင်အရင်ဆပ်ပြီး အကြွေးမတင်အောင် နေဖို့ပါပဲ။

၂။ စုနိုင်လောက်မဲ့ တန်ဖိုးတစ်ခုသတ်မှတ်ထားပါ
 
ကိုယ့်ရဲ့လုပ်အားခထဲ့မှ လိုအပ်တဲ့ အရာတွေကိုသုံးပြီး ကိုယ်တစ်လ ဘယ်လောက်စုနိုင်သလဲ ဆိုတာကို တန်ဖိုးတစ်ခုသတ်မှတ်ထားပါ။ လတိုင်းမှာ ကိုသတ်မှတ်ထားတဲ့ ပိုက်ဆံ ကို ATM ကဒ်ထဲ့မှာ သီးသန့်စုထားနိုင်ရင် တစ်လတာ ပိုက်ဆံစုဖြစ်ပါပီ။ အဓိကတော့ အဲ့ပိုက်ဆံကို မသုံးဘူးလို့ စိတ်ထဲမှာ ထည့်ထားပါ။

၃။လိုအပ်သလောက်သာ ပိုက်ဆံအိပ်ထဲထည့်ထားပါ။
 
နေ့စဉ် အသုံးစရိတ် တစ်ခု သတ်မှတ်ထားသင့်ပါတယ်။ တစ်နေ့ကို ငါးထောင် သုံးမယ်ဆိုလည်း တစ်နေ့ကို ငါးထောင်ပဲ ပိုက်ဆံအိတ်ထဲမှာ ဆောင်ထားပါ ။ အရေးကြုံရင် ထုတ်သုံးနိုင်ဖို့အတွက်တော့ ဘဏ် စနစ်နဲ့ဖွင့်ထားတဲ့ Card တွေကို ဆောင်ထားပါ။ ကိုယ်လက်ထဲ့မှာ ပိုက်ဆံရှိနေရင် မလိုအပ်တာတွေ ဝယ်ဖြစ် ၊ အပျော်အပါးတွေ လုပ်မိနေပါလိမ့်မယ်။ ဒါကြောင့် လိုအပ်သလောက်သာ ပိုက်ဆံအိပ်ထဲ ထည့်ထားပါ။

၄။ အသုံး နဲ့ အဖြုန်း ကိုနားလည်ပါ။
 
လိုအပ်တာကို အသုံးပြုတာက အသုံး လိုခေါ်ပြီး ၊ မလိုအပ်တဲ့ အသုံးပြုတာက အဖြုန်းလိုခေါ်ပါတယ်။ ကိုယ်မှာ ရှိနေပြီး ပစ္စည်းကို နောက်တစ်ခါ ထပ်ဝယ်ခြင်း ၊သူငယ်ချင်းတွေနဲ့ အပျော်အပါး ခဏခဏ သွားခြင်း။ ဒါတွေဟာ အဖြုန်းတွေပါ။ အထူးသဖြင့် ငွေစုချင်ရင် အပျာ်အပါးလိုက်စားမှု လျော့ပါ။

၅။ မျှော်လင့်ချက်ကို နည်းနည်းပဲထားပါ
 
ပိုက်ဆံ စပြီး စုဆောင်းမယ်ဆိုကတည်းက မဖြစ်နိုင်လောက်တဲ့ ပမာဏကို မျှော်လင့်ထားမယ်ဆိုရင် တစ်ကယ်တမ်း လက်တွေ့စုဆောင်းတဲ့အခါမှာ မျှော်လင့် ထားသလောက် မစု မိတာမျိုး ဖြစ်လာတတ်ပါတယ်။ အဲဒီလို ဖြစ်လာတဲ့နောက်မှာ ပိုက်ဆံစုဖို့ကို စိတ်ဓါတ်ကျလာပြီး နောက်ဆုံးမှာတော့ ဘာမှ မစုဆောင်းမိတာမျိုးအထိ ဖြစ်သွားတတ်ပါတယ်။ အစကတည်းက ပမာဏနည်းနည်းပဲ မျှော်လင့်ထားမယ်ပြီး လက်တွေ့စုဆောင်းတဲ့အခါ မျှော်လင့်ထားတာထက် ပိုမိုစုဆောင်းဖြစ်သွားရင်တော့ စိတ်ဓါတ်က ပိုပြီး ပိုက်ဆံ စုဆောင်းချင်စိတ် တွေ ဖြစ်လာစေနိုင်ပါတယ်။

(ပိုပိုလေး)


21 Jan 2019     1,848 Views




RELATED

Most Popular of Special or Others

Most Popular of Life Style