BEC-TERO TV

အသင်းမှာ နည်းပြခဲ့တဲ့ နည်းပြတိုင်းကို စိတ်ပျက်မိတယ်လို့ ဟာဇတ်ပြောဆို

22 Jan 2019     1,280 Views


ချလ်ဆီးကစားသမား အီဒင်ဟာဇတ်ဟာ အသင်းမှာနည်းပြခဲ့တဲ့ နည်းပြတိုင်းကို စိတ်ပျက်မိကြောင်း ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။ ဟာဇတ်ဟာ ချလ်ဆီးအသင်းကို ရောက်ရှိခဲ့တာ ၆ ရာသီခန့် နည်းပြများစွာနဲ့ အတူတွဲအလုပ်လုပ်ခဲ့ဖူးတာဖြစ်ပါတယ်။ ထို နည်းပြ တွေထဲမှာ ဟိုဆေး မော်ရင်ဟို ၊ အန်တိုနီယို ကွန်တီ ၊ ရာဖေးလ် ဘင်နီတက်ဇ် တို့ ကဲ့သို့ နာမည်ကြီး နည်းပြ တွေ ပါဝင်ခဲ့ ပါတယ် 

ဟာဇတ် က ” ကျွန်တော့ ရဲ့ ချယ်လ်ဆီး ကစားသမား ဘဝ တလျှောက်လုံး မှာ အသင်းမန်နေဂျာ တိုင်း ကို စိတ်ပျက် ခဲ့ဖူး ပါတယ် ။ အခု အချိန် မှာတော့ ဆာရီ နဲ့ ပတ်သက်ပြီး  တစ်ကယ်ကို အားမလို အားမရ ဖြစ်မိ ပါတယ် ။ ”

လက်ရှိနည်းပြ နာပိုလီနည်းပြဟောင် မော်ရစ်ဇီယို ဆာရီနဲ့ အလုပ်လုပ်ရတာလည်း သူအတွက် အဆင်မပြေ အားမလို အားမရဖြစ်ခဲ့ကြောင်း French Football သတင်း ဌာန နဲ့ အင်တာဗျူး မှာ ဖွင့်ဟ ပြောကြား ခဲ့ပါတယ် ။

”အရင် ကလည်း မော်ရင်ဟို အပေါ် စိတ်ပျက် ခဲ့ဖူး ပါတယ် ။ သူတို့ အားလုံး ဟာ ကျွန်တော့ ကို အခု ထက် ပိုပြီး ဂိုးသွင်း ဖို့ အတင်း တိုက်တွန်း ပြောကြ ပါတယ် ။ အဲ့ဒီ အတွက် နောက်ထပ် မန်နေဂျာ တယောက် ထပ်ရောက် လာမယ် ဆိုရင် တောင် အဲ့ဒီ မန်နေဂျာ ကို ဆက်ပြီး စိတ်ပျက် နေဦးမှာ ပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဟာဇတ် ဟာ ယခု နှစ် ဘောလုံး ရာသီ မှာလည်း ချယ်လ်ဆီး အတွက် ပရီးမီးယားလိဂ် မှာ သွင်းဂိုး ၁၀ ဂိုး ၊ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ် ထားနိုင် ခဲ့ပါတယ် ။ သို့ပေမယ့် လည်း ယခု နောက်ပိုင်း ပွဲစဉ် တွေမှာ False 9 နေရာ မှ ကစား နေရတဲ့ အတွက် ဟာဇတ် ရဲ့ လွတ်လွတ်လပ်လပ် ကစားခွင့် တွေဟာ လည်း အတော် ကို နည်းပါး လာခဲ့ ပါတယ် ။


22 Jan 2019     1,280 Views




RELATED

Most Popular of Football

Most Popular of Sport